နိုင်ငံ့ဝန်ထမ်းဘဝကို ဂုဏ်ယူ၍ တာဝန်ကျေပွန်အောင် ထမ်းဆောင်၊ ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ ၂၃


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် စက်တင် ဘာ   ၂၂ ရက်    နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးရုံးတွင်  ခရိုင်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ စဉ့်ကိုင်မြို့နယ်၊ တံတားဦးမြို့နယ် နှင့် မြစ်သားမြို့နယ်တို့မှ မြို့နယ် ဦးစီးမှူးများနှင့် ဝန်ထမ်းများအား  လည်းကောင်း၊   ဝမ်းတွင်းမြို့နယ် ရုံးတွင်     မြို့နယ်ဝန်ထမ်းများအား မြို့နယ်   အုပ်ချုပ်ရေးမှူးနှင့်အတူ  လည်းကောင်း တွေ့ဆုံသည်။ 
ထို့နောက် မိတ္ထီလာခရိုင်ရုံး၌  ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သာစည်မြို့နယ်နှင့် မလှိုင်မြို့နယ် တို့မှ ဦးစီးမှူးများအား တွေ့ဆုံပြီး မိတ္ထီလာထပ်ဆင့်လွှင့်စက်ရုံအား  ဝင်ရောက်ကြည့်ရှု   စစ်ဆေးကာ  ဝန်ထမ်းများနှင့်   တွေ့ဆုံသည်။ ယင်းနောက် ပျော်ဘွယ်မြို့နယ်ရုံး တွင်လည်းကောင်း၊ ဆက်လက်၍ ရမည်းသင်းခရိုင်ရုံးတွင်    လည်း ကောင်း ဝန်ထမ်းများနှင့်တွေ့ဆုံ ပြီး    ညနေပိုင်းတွင်   တပ်ကုန်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးကို   ဝင်ရောက် ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများ နှင့် တွေ့ဆုံသည်။ 


ဒုတိယဝန်ကြီးက  ဝန်ထမ်း များနှင့်  တွေ့ဆုံရာတွင်   နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်း ဘဝကို   အလေးထားဂုဏ်ယူပြီး  တာဝန်ကျေပွန်အောင်     ထမ်း ဆောင်ရန်၊ ပြည်သူများအား အသိ ပညာပေးလုပ်ငန်းများကို အကျိုး ရှိအောင် ကြိုးစားဆောင်ရွက်ကြ ရန်၊      လက်ရှိအခြေအနေတွင် အရေးကြီး  ဆောင်ရွက်နေသော ကိုဗစ် ရောဂါကာကွယ်ထိန်းသိမ်း ကုသရေး၊    ကာကွယ်ဆေးထိုးနှံ ကြရေး၊ အဖျက်အမှောင့်အကြမ်း ဖက်လုပ်ငန်းများ        လျော့နည်း ပပျောက်အောင် ပြည်သူလူထုက  ပူးပေါင်း    ပါဝင်လာကြရေးတို့ကို  အရှိန်အဟုန်မပျက်      ဆက်လက် ဆောင်ရွက်ကြရန်၊    ယခုအခါ ပြည်သူလူထု၏  ပူးပေါင်းပါဝင် ကူညီဆောင်ရွက်မှု     တိုးတက် ကောင်းမွန်လာသဖြင့်     ကိုဗစ် ရောဂါ ကူးစက်ပြန့်ပွားမှုမှာ သိသိ သာသာ လျော့နည်းသွားပြီး ဆူပူ အကြမ်းဖက်မှုများကိုလည်း နေ့စဉ် ရှာဖွေဖော်ထုတ်မှုများ   ပိုမိုလုပ် ဆောင်နိုင်လာသဖြင့်   မကြာမီ နိုင်ငံတော်တွင် အဘက်ဘက်မှ တိုးတက်လာပြီး  တည်ငြိမ်အေး ချမ်းလာတော့မည်  ဖြစ်ကြောင်း၊ သဘာဝ     ဘေးအန္တရာယ်များ ကြောင့် အဆောက်အအုံနှင့် စက် ပစ္စည်းများ   လျော့နည်းပျောက် ဆုံးမှုမရှိရေး၊      လုံခြုံရေးဂရုပြု လုပ်ဆောင်ကြရန်တို့ကို မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်