
နေပြည်တော် ဖေဖော်ဝါရီ ၁၄
အာဆီယံ - ဂျပန်ဗဟိုဌာန၏ ရန်ပုံငွေ (၂၀၂၃) ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ National Activities Project အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သည့် “နိုင်ငံ့ဝန်ထမ်းအရာရှိများအတွက် စေ့စပ်ညှိနှိုင်း မှုဆိုင်ရာ စွမ်းဆောင်ရည်များနှင့် နည်းလမ်းများ မျှဝေဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနား ကို ယနေ့တွင် နေပြည်တော်ရှိ Grand Amara Hotel ၌ Hybrid ပုံစံဖြင့် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံ - ဂျပန် ဗဟို ဌာနမှ တာဝန်ရှိသူများနှင့် အရာထမ်းများ တက်ရောက်ကြသည်။
အွန်လိုင်းမှမျှဝေဆွေးနွေး
ဆွေးနွေးပွဲတွင် စင်ကာပူနိုင်ငံ အခြေစိုက် Green Olive Tree သင်တန်း ကျောင်းမှ ဘာသာစကားနှင့် ဆက်ဆံရေး ပညာဆိုင်ရာ ကျွမ်းကျင်သူ Ms. Michelle Loke က စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ သိသင့် သိထိုက်သည့် ခေါင်းစဉ်များဖြစ်သော စေ့စပ်ညှိနှိုင်းမှု၏ အဓိပ္ပာယ်၊ စေ့စပ်ညှိနှိုင်း မှုဆိုင်ရာနည်းလမ်းများ၊ စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ်၊ ထိရောက်သော စေ့စပ်ညှိနှိုင်း မှု၊ စေ့စပ်ညှိနှိုင်းမှုများတွင် တွေ့ကြုံရနိုင် သည့် စိန်ခေါ်မှုများအပေါ် လက်တွေ့ အသုံးချနိုင်မည့်နည်းလမ်းများ စသည် တို့ကို အွန်လိုင်းမှ မျှဝေဆွေးနွေးသည်။
အဆိုပါဆွေးနွေးပွဲမှ နိုင်ငံ့ဝန်ထမ်း များအနေဖြင့် ပြည်သူကိုဝန်ဆောင်မှုပေး ခြင်း၊ စာချုပ်စာတမ်းများ ဆွေးနွေးညှိနှိုင်း ခြင်း၊ ပြည်တွင်း၊ ဒေသတွင်းမူဝါဒများ ညှိနှိုင်းချမှတ်ခြင်း၊ ရုံးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ဘုံသဘောတူညီချက် ရှာဖွေတည်ဆောက် ခြင်းနှင့် နိုင်ငံတကာနှင့် ဒေသတွင်း ဆက်ဆံရေးများတွင် မြန်မာနိုင်ငံရှိ အစိုးရရုံးဌာနများမှ အရာထမ်းများအနေ ဖြင့် စေ့စပ်ညှိနှိုင်းမှုမဟာဗျူဟာများနှင့် နည်းစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်လာကာ စီမံ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေး နှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် အဆိုပါ နည်းလမ်းစနစ်များကို စွမ်းဆောင် ရည်ပြည့်ဝစွာဖြင့် ပြန်လည်အသုံးချနိုင် မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်သည်။
စွမ်းဆောင်ရည်များမြှင့်တင်
စေ့စပ်ညှိနှိုင်းမှုစွမ်းဆောင်ရည်သည် အစိုးရဌာနအချင်းချင်းအကြား၊ နှစ်နိုင်ငံ အကြား၊ နိုင်ငံများအကြား ပူးပေါင်းဆောင် ရွက်မှုများနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ် များတွင် အဓိကအရေးပါသည့်အတွက် ယင်းတို့ကို လက်တွေ့အသုံးချဆောင်ရွက် နေသည့် အစိုးရကဏ္ဍမှ အရာထမ်းများ၏ စေ့စပ်ညှိနှိုင်းမှု စွမ်းဆောင်ရည်များကို မြှင့်တင်ရန်လိုအပ်သောကြောင့် ယခု ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်