နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

 

နေပြည်တော်   ဇွန်    ၇
နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိ ပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၃) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဥပဒေ ရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ သမဝါယနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန      ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ အဂတိ လိုက်စားမှု  တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ ဖြစ်ကြသော     ဦးခင်မောင်ဦးနှင့်    ဦးကျော်ဆန်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဦးကျော်စိန်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဌာနအကြီးအကဲများနှင့် သင်တန်းသား  သင်တန်းသူများ  တက်ရောက်ကြ သည်။
အခမ်းအနားတွင်     ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်   ဒေါက်တာသီတာဦး က ယခုသင်တန်းတွင်   နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအနေဖြင့်  သိသင့်သိထိုက်သည့် ဥပဒေရေးရာကိစ္စရပ် များဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေရေးဆွဲ ခြင်း၊    စီးပွားရေးစာချုပ်စာတမ်းများ   စိစစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့်  အာဆီယံဥပဒေများ    လက်တွေ့အသုံးချမှု၊     ပြစ်မှုဆိုင်ရာနှင့်  အထူးဥပဒေ များ  လက်တွေ့အသုံးချမှု၊      တရားမဆိုင်ရာကိစ္စ များ၊   အထွေထွေဥပဒေအကြံပေးရေးဆိုင်ရာ   ကိစ္စ များကို   ဥပဒေရေးရာနယ်ပယ်တွင်      အတွေ့အကြုံ များစွာရှိသည့်   ပြည်ထောင်စုအဆင့်အဖွဲ့အစည်း များမှ  အကြီးအကဲများ၊  တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ အငြိမ်းစား ယူပြီးသည့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင် ကြီးများ၊  ဥပဒေရေးရာဝန်ကြီးဌာနမှ   ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူများက သင်ကြားပို့ချမည်ဖြစ် ကြောင်း၊  သင်တန်းပြီးမြောက်အောင် တက်ရောက် ခဲ့သည့်    သင်တန်းသားများကိုလည်း   ဥပဒေရေးရာ   ကျွမ်းကျင်ကြောင်း     အသိအမှတ်ပြုလက်မှတ် (Certificate) များ  ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး   ဥပဒေသင်တန်းကျောင်း     ဖွင့်လှစ်ပြီးပါက     ဥပဒေ ဒီပလိုမာဘွဲ့ ပေးအပ်ချီးမြှင့်နိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။
ယခုသင်တန်းကို အပတ်စဉ် ကြာသာပတေးနေ့၊ သောကြာနေ့နှင့် စနေနေ့များတွင် နံနက် ၇ နာရီခွဲမှ ၁၀ နာရီအထိ ရက်သတ္တပတ် ၁၀ ပတ်ကြာ ဖွင့်လှစ် ပို့ချမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ဤသင်တန်းမှ သင်ကြားပို့ချပေးသည့် ဥပဒေပညာ ရပ်များကို မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချ ဆောင်ရွက်ခြင်းဖြင့်  မိမိတို့၏ ဝန်ကြီးဌာနအကျိုး၊ နိုင်ငံတော်အကျိုးအတွက်  ကောင်းစွာဆောင်ရွက်နိုင် ကြပါစေကြောင်း ပြောကြားသည်။
ဖွင့်ပွဲ အခမ်းအနားအပြီးတွင် တက်ရောက်လာကြ သူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။
အဆိုပါ သင်တန်းသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊  စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီး ဌာန၊  ပြန်ကြားရေးဝန်ကြီးဌာန၊  သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန၊   စိုက်ပျိုးရေး၊   မွေးမြူရေး နှင့်      ဆည်မြောင်းဝန်ကြီးဌာန၊     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊    သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးဝန်ကြီးဌာန၊  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊   စွမ်းအင်ဝန်ကြီးဌာန၊   စက်မှုဝန်ကြီးဌာန၊  ပညာရေးဝန်ကြီးဌာန၊  သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာန၊          ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊    ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဂတိလိုက်စားမှု   တိုက်ဖျက်ရေးကော်မရှင်တို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ တပ်ဖွဲ့မှူး၊    ဒုတိယညွှန်ကြားရေးမှူးချုပ်၊   ဒုတိယ ပါမောက္ခချုပ်နှင့်     အထွေထွေမန်နေဂျာစသည့် သင်တန်းသား  သင်တန်းသူ ၃၇ ဦး  တက်ရောက် ကြောင်း သိရသည်။                              သတင်းစဉ်