နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   ဧပြီ   ၁၁
နိုင်ငံ့ဝန်ထမ်း    အကြီးအမှူးများ အတွက်ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း    အမှတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥပဒေရေးရာ ဝန်ကြီးဌာန မြေညီထပ်  အစည်း အဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲအခမ်းအနား တွင်       ပြည်ထောင်စုဝန်ကြီး နှင့်   ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက      ယခု သင်တန်းသည်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ    ဥပဒေ အသိပညာ  ပြန့်ပွားရေးလုပ်ငန်း များ   ဆောင်ရွက်ရန်နှင့်   နိုင်ငံ့ ဝန်ထမ်းအကြီးအမှူးများကို ဥပဒေ အသိပညာပြန့်ပွားရေးသင်တန်းတက်ရောက်ပြီးစီးကြောင်း အသိ အမှတ်ပြုလက်မှတ်(Certificate of Legal Advocacy-CLA) ပေးအပ် နိုင်စေရန်     ဖွင့်လှစ်ခြင်းဖြစ်ပါ ကြောင်း၊ ယခုသင်တန်းအပါအဝင် နိုင်ငံ့ဝန်ထမ်း    အကြီးအမှူးများ အတွက် ဥပဒေအသိပညာပြန့်ပွား ရေး  သင်တန်းအောင်မြင်ပြီးဆုံး အောင်     တက်ရောက်ခဲ့သည့် သင်တန်းသား စုစုပေါင်း ၁၂၄ ဦး အထိ ရှိပြီဖြစ်ပါကြောင်း။
သင်တန်းတွင်  ဥပဒေရေးရာ ဝန်ကြီးဌာနမှ    ဦးစီးဌာနများ၏ အကြောင်း၊     ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာဘာသာရပ်၊ အပြည် ပြည်ဆိုင်ရာနှင့်  အာဆီယံဥပဒေ ဘာသာရပ်၊   စီးပွားရေးစာချုပ် စာတမ်းများစိစစ်ခြင်းဘာသာရပ်၊ ဥပဒေမူကြမ်း    စိစစ်ရေးဆွဲခြင်း ဘာသာရပ်၊    အထွေထွေဥပဒေ အကြံပေးရေးဘာသာရပ်၊ ပြစ်မှု ဆိုင်ရာနှင့်      အထူးဥပဒေများ လက်တွေ့အသုံးချမှုဘာသာရပ် နှင့် တရားမဆိုင်ရာဘာသာရပ် များကို   သင်ကြားပို့ချပေးခဲ့ပြီး သင်ကြားပို့ချခဲ့သည့်  ဘာသာရပ် များသည်    သင်တန်းသားများ အတွက် လက်တွေ့အသုံးဝင်သည့် ဘာသာရပ်များဖြစ်ပါကြောင်း။ 
ပို့ချပေးသည့်   ဆရာများက လည်း    ဥပဒေရေးရာနယ်ပယ် တွင် အတွေ့အကြုံအကြားအမြင် ပြည့်ဝသူများဖြစ်ကြသည့်အပြင် သက်ဆိုင်ရာဘာသာရပ်များတွင် လည်း ကျွမ်းကျင်ပိုင်နိုင်ကြသည့် ဆရာများဖြစ်ပါကြောင်း၊    ပို့ချ သည့်ဆရာများမှာ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေ ချုပ်၊ ဒုတိယဝန်ကြီးနှင့်  ဒုတိယ ရှေ့နေချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကို လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး     အဖွဲ့ဝင်များ ဖြစ်ကြသည့်   ဦးခင်မောင်ဦးနှင့် ဦးကျော်ဆန်း၊      ပြည်ထောင်စု တရားလွှတ်တော်ချုပ်     တရား သူကြီး   ဦးတင်ဟုန်၊    အဂတိ လိုက်စားမှု      တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ  ဦးစစ်အေးနှင့် အဖွဲ့ဝင်      ဦးအောင်မြင့်လွင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ ဝင် ဦးဆန်းမြင့်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး     အဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်စိုး၊ ဥပဒေ ရေးရာဝန်ကြီးဌာနမှ အငြိမ်းစား ယူပြီးသည့်      ဥပဒေရေးဆွဲရေး ဘာသာရပ်ဆိုင်ရာ    ကျွမ်းကျင် ပညာရှင် ဦးကျော်စိန်၊ စစ်ကိုင်း တိုင်းဒေသကြီး၊   ဧရာဝတီတိုင်း ဒေသကြီး၊  တနင်္သာရီတိုင်းဒေသ ကြီးနှင့်  ရခိုင်ပြည်နယ်တို့မှ ဥပဒေ ချုပ်များ၊  ဥပဒေရေးရာဝန်ကြီး ဌာနမှ  ဥပဒေရေးရာကိစ္စရပ်များ တွင် လက်တွေ့ဆောင်ရွက်နေကြ သည့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင် ပညာရှင်များဖြစ်ပါကြောင်း။
ယခုသင်တန်းသည် သင်တန်း သားများအတွက်   ဥပဒေအသိ ပညာ များစွာရရှိကြောင်း၊ ယခု သင်တန်း၏အခြေအနေ၊ အချက် အလက်များကိုလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ ထံသို့   အစီရင်ခံတင်ပြသွားမည် ဖြစ်ပြီး ဥပဒေရေးရာဝန်ကြီးဌာန တွင်လည်း မှတ်တမ်းများထိန်းသိမ်း ထားရှိမည်      ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများသည်      ဤ သင်တန်းမှ သင်ကြားပို့ချပေးသည့် ဥပဒေဘာသာရပ်များကို   မိမိတို့ ၏    လုပ်ငန်းခွင်တွင်  လက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် မိမိ ဝန်ကြီးဌာနအကျိုး၊   နိုင်ငံတော် အကျိုးအတွက် ဆောင်ရွက်နိုင် ကြပါစေကြောင်း ပြောကြားသည်။
သင်တန်းဆင်းပွဲအခမ်းအနား တွင်      သင်တန်းပြီးမြောက် အောင်မြင်စွာ  တက်ရောက်ခဲ့ကြ သည့်   သင်တန်းသား  ၂၆   ဦးကို ဥပဒေအသိပညာ    ပြန့်ပွားရေး သင်တန်းဆင်းလက်မှတ် ပေးအပ် ခဲ့ပြီး   အခမ်းအနားသို့   ဒုတိယ ဝန်ကြီးနှင့်    ဒုတိယရှေ့နေချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာခုံရုံးအဖွဲ့ဝင်များ   ဖြစ်ကြ သည့် ဦးခင်မောင်ဦးနှင့် ဦးကျော် ဆန်း၊ သင်တန်းဆရာများ၊ တာဝန် ရှိသူများနှင့်        သင်တန်းသား သင်တန်းသူ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ    ညွှန်ကြားရေးမှူးချုပ် များ၊   ဒုတိယပါမောက္ခချုပ်နှင့် ကျွမ်းကျင်သူအဖြစ်   ဆောင်ရွက် နေသူများ     တက်ရောက်ကြ ကြောင်း သိရသည်။    
သတင်းစဉ်