
နေပြည်တော် ဩဂုတ် ၁၂
နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများ အတွက် ဥပဒေအသိပညာပြန့်ပွား ရေးသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥပဒေ ရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
သင်တန်းဆင်းပွဲ အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခု သင်တန်းသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေ အသိပညာ ပြန့်ပွားရေးလုပ်ငန်း များ ဆောင်ရွက်ရန်နှင့် နိုင်ငံ့ ဝန်ထမ်း အကြီးအမှူးများကို ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်း တက်ရောက်ပြီးစီး ကြောင်း အသိအမှတ်ပြု လက်မှတ် ပေးအပ်နိုင်စေရန် ဖွင့်လှစ်ခြင်းဖြစ် ပါကြောင်း၊ သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာ နှင့် အာဆီယံဥပဒေ ဘာသာရပ်၊ စီးပွားရေး စာချုပ်စာတမ်းများ စိစစ်ခြင်း ဘာသာရပ်၊ အထွေထွေ ဥပဒေအကြံပေးရေး ဘာသာရပ်၊ ပြစ်မှုဆိုင်ရာနှင့် အထူးဥပဒေများ လက်တွေ့အသုံးချမှု ဘာသာရပ် နှင့် တရားမဆိုင်ရာ ဘာသာရပ် များကို သင်ကြားပို့ချပေးခဲ့ပြီး သင်ကြားပို့ချခဲ့သည့် ဘာသာရပ် များသည် သင်တန်းသားများနှင့် ဌာနအတွက် လက်တွေ့အသုံးဝင် သည့် ဘာသာရပ်များဖြစ်ပါ ကြောင်း၊ ပို့ချသူများသည်လည်း ဥပဒေရေးရာ နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ များစွာရှိ သည့် လက်ရှိနိုင်ငံ့တာဝန် ထမ်းဆောင် လျက်ရှိကြသော ဥပဒေပညာရှင်များ၊ ဥပဒေချုပ် များနှင့် လက်တွေ့လုပ်ငန်း ဆောင်ရွက်နေကြသည့် ညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး ချုပ် အငြိမ်းစားများ ဖြစ်ပါ ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်း အညွှန်းကိန်းဖြစ်သည့် ဥပဒေ ပညာများ ပြန့်ပွားစေရန် အလယ် အလတ်အဆင့် အရာရှိများ သင်တန်း၊ ရုံးတွင်း သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ဥပဒေ စာအုပ်များ ထုတ်ဝေခြင်းများကို လည်း စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ သင်တန်းသား များ၏ သင်တန်းအပေါ် ထင်မြင် အကြံပြုချက်များအရ ယခု သင်တန်းသည် သင်တန်းသားများ အတွက် ဥပဒေအသိပညာများစွာ ရရှိကြောင်းသိရှိရ၍ ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ယခု သင်တန်းကိုလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီထံသို့ အစီရင်ခံစာ ပေးပို့တင်ပြသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းဆင်းပွဲ အခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီး နှင့် ဒုတိယရှေ့နေချုပ်၊ သင်တန်း ဆရာများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်