
နေပြည်တော် နိုဝင်ဘာ ၂၉
၁။ ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေနှင့် မိမိတို့နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေများအပေါ်မူတည်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ သတ်မှတ်ချက်များကို ထုတ်ပြန်ခြင်းနှင့် ဖြေလျှော့ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိပြည်တွင်းကူးစက်ဖြစ်ပွားမှု ကျဆင်းလျက်ရှိပြီး (၁၄) ရက် ဆက်တိုက် ပိုးတွေ့နှုန်း (၁) ရာခိုင်နှုန်း အောက်ရောက်ရှိနေခြင်း၊ နိုင်ငံတကာပုံမှန်လေကြောင်း ခရီးစဉ် များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ခရီးသွားများတွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့နှုန်း (၁) ရာခိုင်နှုန်း အောက်တွင်သာ ရှိနေခြင်းနှင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လွှမ်းခြုံမှု မြင့်မားလာခြင်းတို့ကြောင့် နိုင်ငံတကာပုံမှန် လေကြောင်း ခရီးစဉ်များ (Commercial Flights) ဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက် မည့် ခရီးသွားများအား ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီး ကြောင်း သက်သေခံလက်မှတ် ပြသနိုင်သူ (သို့မဟုတ်) ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံထားသူများအနေဖြင့် မြန်မာ နိုင်ငံသို့ ဆိုက်ရောက်သည့် အချိန်မတိုင်မီ အများဆုံး (၄၈) နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း RT-PCR နည်းဖြင့် စစ်ဆေးထုတ်ပေးထားသည့် ဓာတ်ခွဲအဖြေ အထောက်အထား ပြသနိုင်သူများအား လေယာဉ်ဆိုက်ရောက်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ RDT ဖြင့် ဓာတ်ခွဲစစ်ဆေးမှု ခံယူရန် သတ်မှတ်ချက်အား (၁-၁၂-၂၀၂၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀:၀၁)နာရီမှ စတင်၍ ဖြေလျှော့ပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ ပြောင်းလဲဆောင်ရွက် မည့် အစီအစဉ် အသေးစိတ်အား (၃၀-၁၁-၂၀၂၂) ရက်နေ့တွင် ထုတ်ပြန်မည့် “နိုင်ငံတကာပုံမှန်လေကြောင်း ခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၁၂-၂၀၂၂)” တွင် ထုတ်ပြန်သွားမည် ဖြစ်ပါသည်။
၃။ သို့ရာတွင် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်များဖြင့် ဝင်ရောက် လာကြသည့် ခရီးသွားများနှင့် နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာကြသည့် ခရီးသွားများအတွက်မူ (၈-၁၀-၂၀၂၂) ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။