နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၉ အမျိုးသားအသင်း လေ့ကျင့်ပြင်ဆင်

 

ရန်ကုန်   နိုဝင်ဘာ  ၁၄


မြန်မာ ယူ-၁၉ အမျိုးသားဘောလုံး အသင်းသည် ၂၀၂၄  ခုနှစ်တွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲ များအတွက် စတင်လေ့ကျင့်ပြင်ဆင်နေပြီဖြစ်သည်။


မြန်မာ ယူ-၁၉ အသင်းသည် ၂၀၂၄ ခုနှစ်တွင် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာရှဖလား ယူ-၂၀ ခြေစစ်ပွဲယှဉ်ပြိုင်ရမည် ဖြစ်ပြီး   ပြိုင်ပွဲကျင်းပမည့်ကာလဝေးသေးသော်လည်း    လေ့ကျင့် ပြင်ဆင်ချိန်ပိုမိုရရှိစေရန် အချိန်ယူ လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။ မြန်မာ   ယူ - ၁၉  အသင်းသည် အောက်တိုဘာတွင် စတင်လေ့ကျင့် ခဲ့ပြီး အောက်တိုဘာတတိယပတ် တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် လူငယ်ပြိုင်ပွဲမှ ခြေစွမ်းပြနေသူ များဖြင့် ဖွဲ့စည်းထားသည့်အသင်း နှင့်   လူရွေးပွဲကစားပြီးနောက် ကစားသမား ၃၁ ဦးဖြင့် ဆက်လက် လေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည်   ဒီဇင်ဘာ တတိယပတ်တွင်    ပြီးဆုံးမည့် MNL ပြိုင်ပွဲအပြီးတွင် အသက်မီ သည့်   ကစားသမားများ    ထပ်မံ ရွေးချယ်မည်ဖြစ်ပြီး ယင်းနောက် ပိုင်းမှသာ  ပဏာမကစားသမား များ   အတည်ပြုမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းကို နည်းပြ ချုပ်အဖြစ် ဦးအောင်နိုင်က တာဝန် ယူကိုင်တွယ်လျက်ရှိသည်။


 မြန်မာ ယူ-၁၉ အသင်းသည် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတကာ ပြိုင်ပွဲယှဉ်ပြိုင်ရခြင်းမရှိဘဲ ကစား သမားများ အတွေ့အကြုံရစေရန် Junior Lions အသင်းအမည်ဖြင့် MNL-2    ပြိုင်ပွဲတွင်    ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည်    ယခုနှစ်အတွင်း နည်းပြအပြောင်းအလဲ   ပြုလုပ်ခဲ့ ပြီး ဦးအောင်နိုင်ကို   ခန့်အပ်ထား ခြင်းဖြစ်သည်။


ရဲရင့်လွင်