
ဂျီနီဗာ မတ် ၁၀
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့သည် ယူကရိန်း၏ တောင်းဆိုမှုကြောင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်း အရေးပေါ်ရန်ပုံငွေ ထောက်ပံ့ ရန် အတည်ပြုခဲ့သည်။
ယူကရိန်းနိုင်ငံတွင် စစ်ပွဲအကျိုးဆက်ကြောင့် အဓိက အဆောက် အအုံများ ပျက်စီးခြင်းနှင့်အတူ စီးပွားရေးအခြေအနေမှာ အလွန်ကို ဆိုးရွားပြင်းထန်လျက်ရှိကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က မတ် ၉ ရက်က ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ယခုလို အရေးပေါ်ငွေထုတ်ပေးခြင်းက ရေတိုတွင် အရေးကြီးသည့် ထောက်ပံ့မှုများလုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ရကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။
အင်န်အိတ်ချ်ကေ