
နေပြည်တော် ဧပြီ ၂၅
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိ ဟိုတယ်၌ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင် များအသင်း၏ အဋ္ဌမအကြိမ်မြောက်သက်တမ်း (၂၀၂၂-၂၀၂၄) ခုနှစ်၏ ပထမအကြိမ်မြောက် အစည်း အဝေးသို့တက်ရောက်ပြီး အသင်းဥက္ကဋ္ဌ ဗဟိုအလုပ် အမှုဆောင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဟိုတယ် လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် နိုင်ငံတော်ပိုင် မြေယာနှင့် အဆောက်အဦများကို စနစ်တကျ ထိန်းသိမ်းထားရှိကာ ဥပဒေစည်းမျဉ်း စည်းကမ်း များနှင့်အညီ စနစ်တကျလုပ်ကိုင်ကြရန် လိုအပ်ပါ ကြောင်း၊ ခရီးစဉ်ဒေသများနှင့် မိမိတို့၏ ပရဝဏ် နယ်ပယ်များအတွင်း သန့်ရှင်းသာယာလှပပြီး ခရီး သွား ဆွဲဆောင်မှုရှိနေစေရေးတို့ကို အထူးဂရုစိုက် ဆောင်ရွက်ကြရန်နှင့် ခရီးသွားဧည့်သည်များ ရေရှည်တည်းခို နေထိုင်နိုင်ကြစေရေးအတွက် ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရန် ပြင်ဆင်ကြ ရမည် ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ် ရောဂါကာလအတွင်း လုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေချောမွေ့စေရေးအတွက် ရသင့်ရထိုက် သောချေးငွေများနှင့် ငှားရမ်းခများ ဖြေလျှော့ပေးခြင်း၊ လိုင်စင်ကြေးများ ကင်းလွတ်ခွင့်ပြုပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လုပ်ငန်းလုပ်ကိုင်သူ များအနေဖြင့်လည်း နိုင်ငံတော်သို့ပေးသွင်းရမည့် အခွန်အခများအား ပုံမှန်ပေးသွင်းကြရန်လိုအပ် ပါကြောင်း၊ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်လာသည့်အတွက် ဝန်ကြီးဌာနက လည်း ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်း ရှင်များနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ခရီးသွားလုပ်ငန်းမှာ လူအချင်းချင်း ဝန်ဆောင်မှုပေးရသော လုပ်ငန်းဖြစ်သည့်အတွက် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံသော ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနက အကောင်အထည်ဖော်လျက်ရှိသည့် ဒေသအဆင့်၊ အမျိုးသားအဆင့်၊ နိုင်ငံတကာအဆင့် Health and Safety Protocol-HSP အသိအမှတ်ပြုလက်မှတ် များ ရယူဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူ ဧည့်သည်တည်းခိုမှုစာရင်းများ အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရေးအတွက် Guest List Manag-ement System-GLMS ကို ဟိုတယ်များအားလုံး လိုက်နာသုံးစွဲကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးမင်းဒင် က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဟိုတယ်ဇုန်ပေါင်း ၂၀ အထိ ဖွဲ့စည်းထားရှိပြီး အသင်းသား ၁၆၀၀ ခန့် ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ကပ် ရောဂါ၏ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကျော်လွှားနိုင်ခဲ့မှု၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အသင်း အနေဖြင့် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်သွား မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
သတင်းစဉ်