နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို  ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ခြင်း

 

 

မြန်မာနိုင်ငံအတွင်း   ကိုဗစ်-၁၉    ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ လေကြောင်း ခရီးစဉ်များဖြင့်    ခရီးသည်များ    ဝင်ရောက်လာမှုကို   ကန့်သတ် ထိန်းချုပ်နိုင်ရေးမှာ  များစွာအရေးပါသဖြင့်  ကျန်းမာရေးဝန်ကြီး ဌာနက (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာ ခရီးသည်တင်   လေကြောင်းခရီးစဉ်များ   (International Com-mercial   Passenger Flights) မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက် ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ  ညွှန်ကြားချက်  (Temporary  Measures  to  Prevent  Importation  of COVID-19 to Myanmar through Air Travel) ကို Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel Issue-2   အဖြစ်  (၃၁-၁-၂၀၂၂)  ရက်နေ့တွင်  ပြင်ဆင်ထုတ်ပြန် ခဲ့ပြီး    သက်ရောက်မှုကာလကို    ကိုဗစ်-၁၉  ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက် ဖြင့်   (၂၈-၂-၂၀၂၂)   ရက်နေ့၊    မြန်မာစံတော်ချိန်   (၂၃:၅၉)  နာရီအထိ  သတ်မှတ်ခဲ့ ပါသည်။
ရောဂါပိုး    ကူးစက်ပျံ့နှံ့မှုကို   ဆက်လက် ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့်  မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာလေကြောင်း ခရီးသည်များမှတစ်ဆင့်   ကိုဗစ်ရောဂါပိုး ကူးစက်မှု   အန္တရာယ်မှ ဆက်လက်၍ တားဆီးကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉  ရောဂါ    ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အထက်ပါညွှန်ကြားချက်၏ သက်ရောက်မှုကာလကို (၃၁-၃-၂၀၂၂) ရက်နေ့၊   မြန်မာစံတော်ချိန်  (၂၃:၅၉)  နာရီအထိ  ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန