
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ် နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ လေကြောင်းခရီးစဉ်များဖြင့် ခရီးသည်များ ဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးမှာ များစွာ အရေးပါသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ (International Commercial Passenger Flights) မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ် ခြင်းဆိုင်ရာ ညွှန်ကြားချက် (Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) ကို Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel Issue-2 အဖြစ် (၃၁-၁၂-၂၀၂၀) ရက်နေ့တွင် ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး သက်ရောက်မှုကာလကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃၁-၇-၂၀၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ သတ်မှတ်ခဲ့ပါသည်။
ယခုအချိန်ထိ ကမ္ဘာ့နိုင်ငံအများစုတွင် COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေလျက်ရှိကြောင်း တွေ့ရှိရသဖြင့် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာလေကြောင်း ခရီးသည်များမှ တစ်ဆင့် COVID-19 ရောဂါပိုး ကူးစက်မှုအန္တရာယ်မှ ဆက်လက်၍ တားဆီးကာကွယ်နိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အထက်ပါညွှန်ကြားချက်၏ သက်ရောက်မှုကာလ ကို (၃၁-၈-၂၀၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီ အထိ ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ကြောင်း အသိပေးထုတ်ပြန် လိုက်သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန