နိုင်ငံတကာဈေးကွက်ဝင် နှစ်ရှည်ထောပတ်သီးနှံများ တိုးမြှင့်စိုက်ပျိုး

 

   ခွန်အောင် (နောင်တရား)
 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားဒေသပတ်ဝန်းကျင်ကျေးရွာများတွင် နှစ်ရှည်ဥယျာဉ်ခြံအဖြစ် သစ်တော်၊ လိမ္မော်၊ ဆန်းကစ်၊ ပင်မှည့်၊ ထောပတ်နှင့် ကော်ဖီတို့ကို အဓိကစိုက်ပျိုးကြပြီး ပြည်တွင်းနှင့် နိုင်ငံတကာသို့ တင်ပို့ရောင်းချနေရသည်။ ၎င်းတို့အနက် ပင်လောင်းမြို့နယ် နောင်တရားမြို့ အမှတ်(၂) ရပ်ကွက်မှ ထောပတ်ခြံ စီးပွားဖြစ်စိုက်ပျိုးထားသည့် တောင်သူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းမှုကို ဖော်ပြအပ်ပါသည်။


မေး    ။    ။    ထောပတ်ပင်များကို စီးပွားဖြစ်စိုက်ပျိုး ဖြစ်တဲ့ အကြောင်းလေးရှင်းပြပေးပါဦး။ 
ဖြေ    ။    ။    ၂၀၀၈ ခုနှစ်တွင် ဒေသမျိုး  ထောပတ်ပင်             ကို စီးပွားဖြစ်       စတင်စိုက်ပျိုးကြပြီး အောင်ပန်းကုန်စည်ဒိုင်နဲ့   ရန်ကုန်သို့     တင်ပို့ ရောင်းချကြပါတယ်။    ဒေသသီးဖြစ်တဲ့အတွက်   အမျိုးအစားများပြားပြီး     ဈေးကွက်တည်ငြိမ်မှု မရှိပါဘူး။ ဈေးကောင်းချိန်ဆို    အလွန်ကောင်းပြီး ဈေးမရှိချိန်ဆို    လုံးလုံးမရှိပါဘူး။    ပြီးတော့ ဒေသပင်တွေက     အပင်ကြီးတဲ့အတွက်     ပြုစု ထိန်းသိမ်းရမလွယ်ကူပါဘူး။ ထောပတ်အရိုင်းပင် တွေကို ကိုင်းဆက်လိုက်တော့   ပြုစုထိန်းသိမ်းရ လွယ်ကူတယ်။ ဈေးကွက်တန်းဝင်တဲ့   ထောပတ်ပင်ကို  ကိုင်းဆက်လို့ရတဲ့အတွက်   စီးပွားဖြစ်စိုက်ပျိုးခဲ့တာပါ။


မေး    ။    ။    ဒေသထောပတ်သီးမျိုးရဲ့ အားနည်းချက် တွေကိုလည်း ရှင်းပြပေးပါဦး။
ဖြေ    ။    ။    ဒေသသီးအားနည်းချက်တော့ အများ                 ကြီးရှိပါတယ်။ သိသလောက်ပြောပြရရင် ဒေသမျိုးထောပတ်ပင်တွေက  အပင်ကြီးတယ်။ အလုံးလှအောင် ပြုစုရခက်ခဲပါတယ်။   ပင်စည် ဖောက်ရောဂါပိုးကို ကုသရခက်ခဲတယ်။     အပင် တစ်ပင်နဲ့တစ်ပင် အလုံးအရွယ်အစား မတူညီဘူး။ အလုံးမျိုး၊ ဘူးသီးမျိုး၊ အလုံးစိမ်း၊  အပွေးများတဲ့ အလုံးများတယ်။     ပြီးတော့     အပင်ကြီးတော့ ကြားညှပ်သီးနှံစိုက်လို့မလွယ်ကူဘူး။    ဈေးကွက် ကလည်း မသေချာဘူး။    ခူးဆွတ်ရတာလည်း ကုန်ကျစရိတ်ကြီးပြီး အနာများတယ်။


မေး။    ။    ထောပတ်ပင်     စိုက်ပျိုးရေးစနစ်တွေ ကိုလည်း မျှဝေပေးပါဦး။
ဖြေ    ။    ။    ထောပတ်ပင်ကို စတင်စိုက်ပျိုးတော့                 မယ်ဆိုရင် ဒေသမျိုးရဲ့    မျိုးကောင်း မျိုးသန့်ကို    ရွေးချယ်ပေးရပါတယ်။    ပြီးတော့ မျိုးစေ့ကို ပျိုးအိတ်ထဲထည့်ပြီး သဘာဝမြေဆွေးနဲ့ မြေကြီးနဲ့ ရောမွေပြီး ပျိုးထောင်ရပါတယ်။   အပင် အရွယ်အစား တစ်ပေ၊ နှစ်ပေလောက် ရောက်လာရင် မိမိစိုက်မယ့် ဥယျာဉ်ခြံမှာ မြေအနက်   အကျယ် တစ်ပေ၊ အနက်တစ်ပေခွဲလောက်တူးပြီး အောက်ခြေ မှာ သဘာဝမြေဩဇာ၊      မြေဆွေးတွေထည့်ပြီး   အပေါ်ပိုင်းမှာ  မြေအနည်းငယ်     ဖုံးအုပ်ထားရပါမယ်။ အနေအထားမပျက်အောင် ပျိုးအိတ်ကို ခွာထုတ်ပြီး စိုက်ရပါတယ်။   ပြီးရင်    သဘာဝ မြေဆွေးတွေကို   ဘေးပတ်လည်ထည့်ပြီး ရေလောင်းပေးရင်ရပါပြီ ကျွန်တော်ကတော့     ဒီလိုစိုက်ပါတယ်။


မေး    ။    ။    ထောပတ်ပင်ကို စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်နိုင်သည့်အချိန်အထိ  ကုန်ကျစရိတ်လေး သိပါရစေ။
ဖြေ    ။    ။    ထောပတ်ပင်       စိုက်ပျိုးစရိတ်တော့                 အနည်းငယ်ရှိပါတယ်။ ဒေသပင်အရိုင်း စိုက်ပျိုးချိန်ကစပြီး ကိုင်းဆက်တဲ့အထိ  တစ်ပင်ရဲ့ ကုန်ကျစရိတ်က ငွေကျပ်လေးသိန်း ရှိပါတယ်။ ကုန်ကျစရိတ် အများစုကတော့ သဘာဝမြေဆွေးနဲ့ နွားချေးတွေ ဝယ်သုံးရတဲ့စရိတ်ပါ၊  ဒေသပင်အရိုင်း စိုက်ပျိုးသက်တမ်းက   နှစ်နှစ်ကနေ    သုံးနှစ်၊ ကိုင်းဆက်ပြီး နှစ်နှစ်ကနေ သုံးနှစ်   များသောအား ဖြင့်   စုစုပေါင်းခြောက်နှစ် သက်တမ်းမှာ    အသီး စတင်သီးပါတယ်။


မေး    ။    ။    ဘယ်လိုထောပတ်ပင်အမျိုးအစားက ကိုင်းဆက်မျိုးပွားလို့ရပါသလဲ။
ဖြေ    ။    ။     ကျွန်တော့်ခြံမှာ       ကိုင်းဆက်ထားတဲ့                 ထောပတ်ပင်အမျိုးအစားကတော့ 034၊ Hass၊ ဘူး 7၊ ဘာကေးနီးယားတို့ကို   ကိုင်းဆက် ထားပါတယ်။ Hass မျိုးကတော့ အကောင်းဆုံးလို့ သတ်မှတ်ကြပါတယ်။      ရင့်မှည့်ချိန်ဆို   အသား အိတယ်။ အမျှင်မရှိဘူး အထားလည်း ခံပါတယ်။ အခြားအမျိုးအစားတွေကတော့ အထားမခံပါဘူး။ ဈေးကွက်ပိုင်းက Hass ကတော့ ဈေးပိုရပါတယ်။


မေး    ။    ။     ထောပတ်အသင်း             အဖွဲ့အတွက်             နိုင်ငံတော်က ပံ့ပိုးမှုတွေ     ရှိပါသလား။
ဖြေ    ။    ။     နောင်တရားမှာ      ထောပတ်အစုအဖွဲ့                 အသင်းရှိပါတယ်။ ထောပတ်အသင်းအဖွဲ့ က    နိုင်ငံတော်ကနေ     နိုင်ငံမြှင့်တင်ရေးရန်ပုံငွေ ချေးငွေထုတ်ပေးထားတာ ရှိပါတယ်။   ဒီချေးငွေနဲ့ အရည်အသွေးမြှင့် ထောပတ်ပင်     စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်နေကြပါတယ်။


မေး    ။    ။    ပြည်ပနိုင်ငံသို့ ထောပတ်တင်ပို့မှု  အခြေ အနေလေး သိပါစေ။
ဖြေ    ။    ။    ကျွန်တော့်ခြံက ဒီနှစ်မှ       စသီးတော့                 ပြည်ပနိုင်ငံတွေကို မတင်ပို့ဖူး သေးပါ ဘူး။   ထောပတ်အသင်းအဖွဲ့အနေနဲ့ တာချီလိတ်မှ တစ်ဆင့် တရုတ်၊ ထိုင်း စတဲ့ အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ ရောင်းချနေတာရှိပြီး    အခြားပြည်ပနိုင်ငံတွေ ကိုလည်း တင်ပို့ရောင်းချနိုင်ဖို့   ဆောင်ရွက်နေကြပါ တယ်။ 


မေး။    ။ ထွက်ရှိလာမယ့် ထောပတ်သီးတွေ က ဈေးကွက်ရှိပြီးသားလား။
ဖြေ    ။    ။    ကျွန်တော့်ခြံမှာ ထောပတ်အပင်ပေါင်း                 ၄၂၀ စိုက်ပျိုးထားပါတယ်။     အခြားခြံ အပါအဝင်ဆို အပင်ပေါင်း ၁၀၀၀ ကျော်ရှိပါတယ်။ အခုနှစ်မှာထွက်ရှိတဲ့   ထောပတ်သီးကို   ထောပတ် အသင်းအဖွဲ့နဲ့ လက်တွဲပြီး ရောင်းဖြစ်မှာပါ။ တစ်ခြံ ကို ငါးတန်လောက် ထွက်ရှိမယ်လို့ ခန့်မှန်းထားပါ တယ်။  ထောပတ်တစ်ခြံကို   ငွေကျပ်သိန်း ၁၅၀ အထက်ရမယ်လို့ခန့်မှန်းထားပါတယ်။ တစ်ကီလိုကို လက်ရှိပေါက်ဈေးက ငွေကျပ် ၃၀၀၀ ကနေ ၆၅၀၀ အထိ ရှိပါတယ်။ 


မေး    ။    ။     ကြားညှပ်သီးနှံအဖြစ် ဘယ်လိုသီးနှံတွေ ကို စိုက်ဖြစ်ပါသလဲ။
ဖြေ    ။    ။    ကြားညှပ်သီးနှံအဖြစ်တော့ ကော်ဖီပင်                 တွေစိုက်ထားပါတယ်။ ဥယျာဉ်ခြံဆိုတာ မျိုးက တစ်မျိုးတည်းစိုက်လို့      အဆင်မပြေဘူး။ ကြားညှပ်သီးနှံစိုက်မှ      ဝင်ငွေနှစ်မျိုးရမှာပါ။ မြေဩဇာနဲ့     အလုပ်သမားစရိတ်တွေ    ပြရပြီး ထောပတ်သီးမှ ရရှိတဲ့ဝင်ငွေကိုတော့   အသားတင် အမြတ်ငွေ ကျန်တာပေါ့။


မေး    ။    ။    ထောပတ်ဥယျာဉ်ခြံ    စိုက်ပျိုးမည့် တောင်သူများအတွက်    အကြံဉာဏ်ပေးချင်တာ ရှိပါသလား။
ဖြေ    ။    ။    ထောပတ်ဥယျာဉ်ခြံ    စိုက်ပျိုးချင်တယ်                ဆိုရင်တော့ အရင်းအနှီးအနေနဲ့ အချိန် နဲ့ ငွေကြေးတော့ ရင်းရတာပေါ့။ ဈေးကွက်တန်းဝင် တဲ့ ထောပတ်သီးကိုလိုချင်ရင် ပင်ကြား၊ တန်းကြား ကို    သေသေချာချာတွက်ချက်ပြီး     ကြားညှပ် နှစ်ရှည်ပင် စိုက်ပျိုးရပါမယ်။  ဒါမှအဆင်ပြေနိုင်မှာပါ။ ခြံတစ်ဧကမှာ ဝင်ငွေနှစ်မျိုးရတာပေါ့။    ပြီးတော့ မွေးမြူရေးအနေနဲ့ ပျားမွေးမြူရေးကိုလည်း လုပ်နိုင် ပါသေးတယ်။


ဥယျာဉ်ခြံစိုက်ပျိုးမည့် တောင်သူများသည် မိမိ စိုက်ပျိုးမည့်     သီးနှံများကို   ဒေသတွင်းသာမက ပြည်ပနိုင်ငံသို့ပါ  တင်ပို့ရောင်းချနိုင်မည့် သီးနှံမျိုးကို  ရွေးချယ်စိုက်ပျိုးသင့်ပြီး       ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးနိုင်ပါမှ  ဝင်ငွေနှစ်မျိုး      ရရှိစေနိုင်မည် ဖြစ်ကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါသည်။  ။