နိုင်ငံတကာစေ့စပ်ညှိနှိုင်းသူများလုပ်ငန်းအဖွဲ့၏ နှစ်ပတ်လည်ညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

နေပြည်တော်   နိုဝင်ဘာ   ၈
ဂရိနိုင်ငံ အေသင်မြို့ရှိ Hellenic Police Headquar-ters ၌  အောက်တို ဘာ ၃၁ ရက်မှ  နိုဝင်ဘာ ၄ ရက်အထိ ကျင်းပခဲ့သော နိုင်ငံတကာ  စေ့စပ်ညှိနှိုင်းသူများ လုပ်ငန်းအဖွဲ့၏ နှစ်ပတ်လည်ညီလာခံ (Interna-tional Negotiators Working Group – Annual Conference 2022) သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ကျော်လင်း ဦးဆောင်သော ကိုယ်စားလှယ် နှစ်ဦး တက်ရောက်ခဲ့ပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင်  ၁၉  နိုင်ငံနှင့်   အမေရိကန်၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ အိုက်စ်လန်၊  နော်ဝေ၊ ကနေဒါ၊ နိုင်ဂျီးရီးယား၊ ဩစတြေးလျ၊ မက်စီဒိုးနီးယား၊ အရှေ့ အလယ်ပိုင်းဒေသ လေးနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာရှနိုင်ငံများမှ မြန်မာ၊ ဂျပန်၊ တရုတ်၊ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့မှ  ကိုယ်စားလှယ် များ  တက်ရောက်ကြသည်။ (ယာပုံ)
ညီလာခံတွင်  ဂရိနိုင်ငံရဲတပ်ဖွဲ့၊   နော်ဝေနိုင်ငံ ရဲတပ်ဖွဲ့၊   ဆိုက်ပရပ် နိုင်ငံရဲတပ်ဖွဲ့၊ အစ္စရေးနိုင်ငံ ရဲတပ်ဖွဲ့၊ နယ်သာလန်နိုင်ငံရဲတပ်ဖွဲ့၊ ပြင်သစ် နိုင်ငံ ရဲတပ်ဖွဲ့၊ ဂျာမနီနိုင်ငံရဲတပ်ဖွဲ့၊ ဥရောပရဲအဖွဲ့၊ ပြည်ထောင်စုစုံစမ်း ထောက်လှမ်းရေးအဖွဲ့ (FBI) ၊ ဂရိနိုင်ငံ (Center for Security Studies/Kentro Meleton  Asfaleias – KEMEA) ၊     အမေရိကန် ပြည်ထောင်စု (Foundation for  Defense  of  Democracies  နှင့်  The  Fletcher School of Law and Diplomacy/Tufts University)၊ ဗြိတိန်နိုင်ငံ (London  Metropolitan  Police  ၊   National  Crime Agency – NCA ၊ Global Interagency Security Forum – GISF  နှင့်  College of Policing)၊ ဥရောပနိုင်ငံများမှ အကြံပေးအဖွဲ့များကွန်ရက် (European  Network of Advisory Teams - EuNAT)တို့မှ  စေ့စပ်ညှိနှိုင်းရေး တပ်ဖွဲ့ဝင်များ၊ ကျွမ်းကျင်သူများ၊  စိတ်ပညာရှင်များက ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခြင်း၊   ပြန်ပေးဆွဲခြင်းများနှင့်ပတ်သက်၍   စေ့စပ် ညှိနှိုင်းခြင်းဆိုင်ရာ  အတွေ့အကြုံ   ဗဟုသုတများ၊ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများနှင့် နည်းဗျူဟာ များကို ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခြင်းနှင့်   ဓားစာခံ များအား  သတ်ဖြတ်ခြင်းကို  The International Convention against the Taking of Hostages အပါအဝင် နိုင်ငံတကာ ကွန်ဗင်းရှင်းများက တင်းကျပ်စွာ တားမြစ်ပိတ်ပင်ထားကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိပြည်တွင်း ဥပဒေများ ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော် ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊    မြန်မာနိုင်ငံ၏     အကြမ်းဖက်မှု    တိုက်ဖျက်ရေးဥပဒေတွင်   ဓားစာခံအဖြစ်    ဖမ်းဆီးထိန်းသိမ်းသည့်    အကြမ်းဖက်ကျူးလွန်မှုများ မဖြစ်ပွားစေရေး ကြီးကြပ်ဆောင်ရွက် သွားရန် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ အဆိုပါပြဋ္ဌာန်းချက်ကို  အကောင် အထည်ဖော်ရေးအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးနည်းဥပဒေ ရေးဆွဲလျက်ရှိပြီး  ဥပဒေနှင့်အညီ  ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  မြန်မာကိုယ်စားလှယ်က ဆွေးနွေးပြောကြားခဲ့သည်။
နိုင်ငံတကာ စေ့စပ်ညှိနှိုင်းသူများ လုပ်ငန်းအဖွဲ့၏  နှစ်ပတ်လည် ညီလာခံ (၂၀၂၃) ကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး အိမ်ရှင်နိုင်ငံမှ တစ်ဆင့် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 
       သတင်းစဉ်