နိုင်ငံတကာစာရင်းစံများကို လိုက်နာကျင့်သုံးခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်

 

နေပြည်တော် ဖေဖော်ဝါရီ ၁၁


နိုင်ငံပိုင်ကဏ္ဍအတွက်      နိုင်ငံ တကာစာရင်းစံများ   အပိုင်း(၁) သင်တန်းအမှတ်စဉ်   (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀   နာရီက   နေပြည်တော်ရှိ ပြည်ထောင်စု   စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။ 

 


အခမ်းအနားတွင်    ဒုတိယ  စာရင်းစစ်ချုပ်  ဒေါ်နိုင်သက်ဦး က  နိုင်ငံပိုင်ကဏ္ဍအတွက်   နိုင်ငံ တကာစာရင်းစံများ     (Inter-national Public Sector Acco-unting Standards – IPSAS ) ကို အစိုးရဌာန၊   အဖွဲ့အစည်းများ တွင်  ကျင့်သုံးရမည့် ဘဏ္ဍာရေးရှင်းတမ်းတင်ပြမှုပုံစံများတစ်ပြေး ညီဖြစ်စေရန်  IPSAS ဘုတ်အဖွဲ့မှ ချမှတ်ပြဋ္ဌာန်းထားကြောင်း။ 

 


IPSAS ကို လိုက်နာကျင့်သုံး ခြင်းဖြင့် အစိုးရ၏ တစ်စုတစ်စည်း တည်းသော ဘဏ္ဍာရေးရှင်းတမ်း များ ရေးဆွဲနိုင်ခြင်း၊ နိုင်ငံပိုင်ကဏ္ဍ ဘဏ္ဍာရေးအစီရင်ခံခြင်း ပွင့်လင်း မြင်သာမှုနှင့် တာဝန်ခံမှု၊ တာဝန် ယူမှု    တိုးတက်စေခြင်းအပြင် အရည်အသွေးမြင့်မား၍ ယုံကြည် အားထားရသည့်      ဘဏ္ဍာရေး ရှင်းတမ်းများ  ရေးဆွဲတင်ပြနိုင် မည်ဖြစ်ကြောင်း၊  ထိုသို့   ဆောင် ရွက်နိုင်ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပ မှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာ နိုင်ပြီး နိုင်ငံတော်၏  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို     အထောက် အကူပြုနိုင်မည်    ဖြစ်ကြောင်း၊    ထို့ပြင်  အစိုးရဌာန၊  အဖွဲ့အစည်း များရှိ   ချေးငွေ၊  ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့်      စီမံကိန်း လုပ်ငန်းများတွင်     လိုအပ်ချက် အရ  ဘဏ္ဍာရေးရှင်းတမ်းများကို IPSAS   အခြေခံဖြင့်   ရေးဆွဲရန် လိုအပ်လာပြီဖြစ်ကြောင်း   ပြော ကြားသည်။

 


ထို့နောက်     ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နေပြည်တော် သင်တန်းကျောင်း   ကျောင်းအုပ် က  သင်တန်းဆိုင်ရာ   အချက် အလက်များကို   ရှင်းလင်း   ပြော ကြားသည်။ 

 


သင်တန်းတွင်       IPSAS အကြောင်း   မိတ်ဆက်ခြင်းနှင့် ယူဆချက်မူဘောင်၊   ဘဏ္ဍာရေး ရှင်းတမ်းများ ရေးဆွဲတင်ပြခြင်း၊ ငွေသားစီးဆင်းမှုရှင်းတမ်း စသည် တို့ကို    သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း၊ သင်တန်းကို ဖေဖော် ဝါရီ ၁၁ ရက်မှ ဩဂုတ် ၂၆ ရက် အထိ    အပတ်စဉ်   စနေနေ့တိုင်း ဖွင့်လှစ်    သင်ကြားသွားမည်ဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်