
ဘန်ကောက် ဒီဇင်ဘာ ၁၄
ကာတာနိုင်ငံ၌ ကျင်းပလျက်ရှိ သော ကမ္ဘာဖလားဘောလုံးပွဲကို ဘောလုံးချစ်ပရိသတ်များ အာရုံ စိုက်နေစဉ် ထိုင်းနိုင်ငံရှိ ရဲတပ်ဖွဲ့ ဝင်များသည် နိုင်ငံတကာ ဘောလုံးပွဲများကို လောင်းကစား ပြုလုပ်နေသည့် ထိုင်းနိုင်ငံ၏ အကြီးဆုံး လောင်းကစားဂိုဏ်းကြီး ကို ဖြိုခွင်းလိုက်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က နိုင်ငံတကာ သတင်း တစ်ရပ်တွင် ဖော်ပြလိုက်သည်။
ထိုင်းနိုင်ငံရှိ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာ ၁၃ ရက်က ဘန်ကောက်နှင့် ချင်းရိုင်မြောက်ပိုင်း ပြည်နယ်များရှိ နေရာ ၁၃ ခုကို ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင် လောင်းကစားနှင့် ငွေကြေးခဝါ ချမှုတို့နှင့် သက်ဆိုင်သော ဝက်ဘ်ဆိုက်အော်ပရေတာ အပါ အဝင် လောင်းကစားပြုလုပ်သူ ငါးဦးကို ဖမ်းဆီးရမိခဲ့သည်။
ငါးနှစ်တာ လောင်းကစား ပြုလုပ်သည့် ကာလအတွင်း အမေရိကန်ဒေါ်လာ ၈၅ သန်း ကျော်တန်ဖိုးရှိသော ငွေပေးချေမှု များပြုလုပ်ခဲ့သည်ဟု ထိုင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။
အဆိုပါ လောင်းကစားအဖွဲ့ သည် တာဝန်ရှိ ရဲများ၏သံသယ မှ လွတ်ကင်းရန် ၎င်းတို့၏ အမြတ် ငွေများကို ဇိမ်ခံနာရီများ၊ တန်ဖိုး ကြီး လက်ကိုင်အိတ်များနှင့် ဇိမ်ခံ ကားများတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။
ထိုင်းထီနှင့် မြင်းပြိုင်ပွဲများမှ လွဲ၍ လောင်းကစားများ တရား မဝင်တည်ရှိနေသော ထိုင်းနိုင်ငံ တွင် ကမ္ဘာ့ဖလား လောင်းကစား သည် ကာလရှည်ကြာစွာ တည်ရှိ နေသည့် စိုးရိမ်ဖွယ်ကောင်းသော လောင်းကစားတစ်ခုဖြစ်သည်။
အင်န်အိတ်ချ်ကေ