
ဝါရှင်တန် ဇန်နဝါရီ ၂
အမေရိကန် အမျိုးသားလေကြောင်းနှင့် အာကာသ စီမံခန့်ခွဲမှုအေဂျင်စီ(နာဆာ)သည် နိုင်ငံတကာအာကာသစခန်း (အိုင်အက်စ်အက်စ်)၏ လုပ်ငန်းဆောင်ရွက်မှုများကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းတိုးမြှင့်ဆောင်ရွက်ရန် စီစဉ်လျက်ရှိ ကြောင်း ယနေ့သတင်းများအရ သိရသည်။
ယင်းသို့ နိုင်ငံတကာအာကာသစခန်း၏ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့်ကိစ္စနှင့် စပ်လျဉ်း၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ကတိကဝတ်ဆိုင်ရာ ထုတ်ပြန်ကြေညာချက် တစ်ရပ် ကိုလည်း အမေရိကန်နိုင်ငံအစိုးရ၏ လွတ်လပ်သော အေဂျင်စီတစ်ခုဖြစ်သည့် အမေရိကန် အမျိုးသား လေကြောင်းနှင့် အာကာသစီမံခန့်ခွဲမှုအေဂျင်စီ (နာဆာ)က ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။
နိုင်ငံတကာအာကာသစခန်း၏ လုပ်ငန်း ဆောင်ရွက်မှုများသည် ၂၀၁၁ ခုနှစ်တွင် ပြီးဆုံးခဲ့ ခြင်းကြောင့် လုပ်ငန်းဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်နိုင်ရေး ၂၀၂၄ ခုနှစ်အထိ သက်တမ်း တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်၊ ရုရှားနှင့် ဂျပန်နိုင်ငံတို့မှ အာကာသ အေဂျင်စီများ ပါဝင်ဖွဲ့စည်းထားသည့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းက နိုင်ငံတကာ အာကာသ စခန်း၏ လုပ်ငန်းလည်ပတ်မှုများအတွက် အထောက် အပံ့ပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် အမေရိကန် အမျိုးသားလေကြောင်းနှင့် အာကာသ စီမံခန့်ခွဲမှုအေဂျင်စီ(နာဆာ)သည် နိုင်ငံတကာ အာကာသစခန်းမှ စီးပွားဖြစ်အာကာသစခန်း အဖြစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်ရန် စီစဉ် လျက်ရှိကြောင်းလည်း သိရသည်။
နိုင်ငံတကာအာကာသစခန်း၏ လုပ်ငန်း ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ လိုအပ်သည့် ရန်ပုံငွေကို အမေရိကန် ကွန်ဂရက်က အတည်ပြုပေးရန် လိုအပ် လျက်ရှိသည့်အပြင် အခြားသောနိုင်ငံများကလည်း နိုင်ငံတကာအာကာသစခန်း၏ လုပ်ငန်းဆောင်ရွက် ရေးရန်ပုံငွေအတွက် အတည်ပြုပေးရန် လိုအပ်လျက် ရှိကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အလင်းသစ်