
နိုင်ငံတော်တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားကြတဲ့ တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ်၊ ပြည်သူလူထုကိုချစ်တဲ့ ပြည်သူတွေရဲ့ အင်အား သည်သာ အဓိကဖြစ်ပါတယ်။ စစ်မှန်စည်းကမ်းပြည့်ဝ သော ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတော်၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်၊ မြန်မာရဲ့ အနာဂတ်ကို မြန်မာတိုင်းရင်းသားပြည်သူလူထုရဲ့ ဆန္ဒနှင့်အညီ တည်ဆောက်နိုင်တဲ့ နိုင်ငံတော်ကို ရိုးသားတဲ့နိုင်ငံရေးနဲ့ ကျွန်တော်တို့ တည်ဆောက်ကြပါမယ်။ တိုင်းရင်းသား ပြည်သူလူထုအားလုံးက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးကြဖို့ ကျွန်တော့်အနေနဲ့ လေးလေး နက်နက် မေတ္တာရပ်ခံအပ်ပါတယ်။
[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁-၈-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တွင်ထမ်းဆောင် ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်]