နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် PDF အမည်ခံ အကြမ်းဖက်သမားများက ခရီးသည်တင် မီးရထားတစ်စင်း မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန်အတွက် မီးရထားသံလမ်းများပေါ်၌ မိုင်းထောင်ဖောက်ခွဲခြင်း ပြုလုပ်

နေပြည်တော်  ဒီဇင်ဘာ ၂၂  

 အကြမ်းဖက်အဖွဲ့များဖြစ်သော  CRPH၊ NUG   အမည်ခံအဖွဲ့များနှင့် ၎င်းတို့၏ လက်ဝေခံ PDF အဖွဲ့များအနေဖြင့် ၎င်းတို့ ၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့်  တရားဥပဒေ စိုးမိုးမှုကို  ပျက်ပြားစေရန်၊ လမ်းပန်း ဆက်သွယ်မှုများ  ပြတ်တောက်စေရန် ရည်ရွယ်ကာ မီးရထားသံလမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊  ဖောက်ခွဲဖျက်ဆီး ခြင်းများကဲ့သို့ အကြမ်းဖက်မှု လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်။ 


ထိုသို့    အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ရာတွင် ဒီဇင်ဘာ ၂၁  ရက် နံနက် ၇ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ဘူတာမှ  ထွက်ခွာလာသည့် ပခုက္ကူ-ကျွန်းချောင်း အမှတ်(၂)အစုန် ရထားသည်  နံနက် ၈ နာရီ ၁၀ မိနစ်တွင် မီးရထားလမ်းမိုင်တိုင်အမှတ် (၄၇၄/၆-၇)ကြားအရောက်၌  အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး      ပေါက်ကွဲမှုကြောင့် စက်ခေါင်းမောင်း၊   အကူစက်ခေါင်းမောင်း နှင့်   လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးတို့ မိုင်းစ ထိမှန်ဒဏ်ရာများရရှိကာ  အဆိုပါရထား စက်ခေါင်းမှာလည်း မိုင်းစထိမှန်ပျက်စီး ခဲ့သည်။ ၎င်းအပြင် အခင်းဖြစ်နေရာ အနီးမှ  လက်လုပ်မိုင်းတစ်လုံး၊  ဆိုင်ကယ်  ဘက်ထရီအိုး သုံးလုံး၊ ဝိုင်ယာကြိုး နှစ်ချောင်း၊ နှစ်ပင်လိမ်ဝိုင်ယာကြိုး တစ်ချောင်းနှင့် ကြိုးခွေတစ်ခွေတို့  တွေ့ရှိရပြီး  သက်မဲ့ ပြုလုပ် သိမ်းဆည်းခဲ့ကာ ထိခိုက်ဒဏ်ရာ ရရှိသူများအား  ပခုက္ကူမြို့နယ်  ဆေးရုံကြီး သို့ ပို့ဆောင်ထားရှိခဲ့သည်။ 


အလားတူ ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၅  မိနစ်တွင် မန္တလေးတိုင်း ဒေသကြီး  ကျောက်ပန်းတောင်းမြို့နယ် ကန်ပေါက်ကျေးရွာအနီး  ကျောက်ပန်း တောင်း-ပျဉ်းမနား    မီးရထားလမ်း ကြေးနန်းတိုင်အမှတ် (၃၆၁/၁၁-၁၂) ကြား ရှိ ခုံးကျော်တံတားကို အကြမ်းဖက်သူ များက  လက်လုပ်မိုင်းဖြင့်  ဖောက်ခွဲမှု ကြောင့်  မီးရထားသံလမ်း  သစ်သား ဇလီဖားတုံးနှင့် သံလမ်းအဆက်တစ်ခု တို့ပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ်   လက်လုပ်မိုင်းတစ်လုံး ထပ်မံပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင် နှစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာအနည်း ငယ် ရရှိခဲ့ကြောင်း သိရသည်။


အထက်ပါဖြစ်စဉ်များမှ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားစေရန် ရည်ရွယ်ချက်ဖြင့် မီးရထားသံလမ်းများ ပေါ်၌ မိုင်းထောင်ဖောက်ခွဲခြင်း၊ ခရီးသည် များ    တင်ဆောင်မောင်းနှင်လာသည့် မီးရထားတို့အား  မိုင်းဆွဲတိုက်ခိုက်ခြင်း များ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမား များအား  ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက   ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။                            

 သတင်းစဉ်