နိုင်ငံတော်တာဝန်ကို ဆက်လက်ထမ်းဆောင်မည့်အခြေအနေ

 

v        မိမိတို့အစိုးရအနေနဲ့  နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး အခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်တာဝန်ရယူထားချိန်မှာ တာဝန်တွေကို စွမ်းအားရှိသမျှ ထမ်းဆောင်ခဲ့သော် လည်း ပြည်တွင်း/ပြည်ပ နှောင့်ယှက်ဟန့်တားမှုတွေ ရှိခဲ့ပါတယ်။
v     လူတစ်ဦးချင်းစီ၏ လူ့အခွင့်အရေးမှာ လူလူချင်းလေးစားခြင်း၊  တန်ဖိုးထားခြင်းဟာ  အရေး အကြီးဆုံး အချက်ဖြစ်ပါတယ်။   နိုင်ငံရှိမှလည်း  နိုင်ငံသားတို့ရဲ့ရပိုင်ခွင့်ကို တောင်းဆိုနိုင်ပါတယ်။
v     နိုင်ငံပျက်သုဉ်းသွားသော်လည်းပဲ နိုင်ငံသားတစ်ဦးချင်းရဲ့ ရပိုင်ခွင့်ကို ကာကွယ်နိုင်တဲ့ နမူနာမျိုး ကမ္ဘာမှာ မရှိသေးပါဘူး။ အဖျက်၊ အမှောင့်၊ အနှောင့်အယှက်များ ကင်းဝေးမှသာ  နိုင်ငံသားအခွင့် အရေးကို တောင်းဆိုနိုင်မှာပါ။
v     အများအကျိုးထက် လူတစ်ဦးတစ်ယောက်အကျိုး ဖော်ဆောင်ဦးစားပေးရမယ်ဆိုတဲ့   အတွေး အခေါ်ဟာ ဒီမိုကရေစီအတွက် သူတော်ကောင်းဟန်ဆောင်ခြင်းသာ ဖြစ်ပါတယ်။
v     နိုင်ငံတော်ကိုလက်မခံတဲ့ ရည်ရွယ်ချက်၊ လုပ်ရပ်၊ လုပ်ဆောင်ချက်တို့ဟာ  နိုင်ငံတော်အတွက် တာဝန်သိသိလုပ်ဆောင်နေတဲ့ နိုင်ငံသားများကိုလည်း လက်မခံတဲ့သဘော ဖြစ်ပါတယ်။
v     နိုင်ငံတော်ကာကွယ်ရေးဟာ အနိမ့်ဆုံးအဆင့် ပြည်သူလူထုကိုကာကွယ်ရန်၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်ရဲ့အမျိုးသားရေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေး (၃)ပါးကို ကာကွယ်ရန်ဖြစ်ပြီး ကျွန်တော်တို့ တပ်မတော်သားများဟာ ကိုယ်ပိုင်ဆန္ဒနဲ့အညီ ပုဂ္ဂလိက သဘောမဟုတ်ဘဲ အများ အကျိုးအတွက်  ကာကွယ်ရေးတာဝန်ထမ်းဆောင်နေခြင်း ဖြစ်ပါတယ်။
    (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်၏   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၁) နှစ်ပြည့်   နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍   ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်)