နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး၏ ၁၃၈၃-၈၄ နှစ်သစ်ကူး မင်္ဂလာစာတမ်း

 

နှစ်သစ်ကူးမင်္ဂလာအပြောင်းအကူးကာလ၌ မကောင်းမှုအကုသိုလ်ကံများ ကြားဝင်၍ ဒုက္ခဝေဒနာ အကူးအပြောင်း ဖြစ်တတ်သည်၊ ထိုအခါမျိုး၌ ဘုရားဂုဏ်တော် ပုတီးစိပ်ခြင်း၊ ဘုရားဂုဏ်တော်များကို ဗုဒ္ဓါနုဿတိဂုဏ်တော်ပွား၍ မေတ္တာပို့ အမျှဝေကုသိုလ်များ ပြုလုပ်၍ သတ္တဝါအားလုံးတို့အား ကုသိုလ် အဖို့ကို အမျှဝေပြီး မေတ္တာပွားကြပါစေကုန်သတည်း။

 


ဘုရားဂုဏ်တော်တို့ကို  ပုတီးစိပ်လျှင်  ဘုရားဂုဏ်တော်၏  တန်ခိုးကြောင့်  ကိုဗစ်-၁၉ စသည့် ရောဂါ ဝေဒနာများ မကပ်ရောက်ဘဲ ပျောက်ကင်းသွားကြပါလိမ့်မည်၊  ရောဂါဝေဒနာများ  ကင်းရှင်း၍ ကျန်းမာ ချမ်းသာဝမ်းသာကြပါစေ ကုန်သတည်း။

 

ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ

အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ

ဗန်းမော်ကျောင်းတိုက်ဆရာတော်၊ မန္တလေးမြို့