နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

========================================================================

 

နေပြည်တော် ဇန်နဝါရီ ၁၁

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနှင့် တရုတ် နှစ်နိုင်ငံ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွား ရေး၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်သွားရေး အတွက် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ တရုတ် နိုင်ငံမှ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းများ အတွက် ယွမ် သုံးသန်းတန်ဖိုးရှိ ကိုဗစ်- ၁၉ ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဆေး ပစ္စည်းများနှင့် မြန်မာပြည်သူများ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး အလုံး သုံးသိန်း ကူညီပံ့ပိုးသွားရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှုခရီးသွားနှစ် အကောင်အထည်ဖော်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆက်လက် ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးစီမံကိန်းများ အရှိန် အဟုန်မပြတ် ဆက်လက်အကောင် အထည်ဖော်သွားရေးတို့နှင့် စပ်လျဉ်း ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။

 

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့် အတူ ပြည်ထောင်စုဝန်ကြီးများဖြစ် ကြသည့် ဦးမင်းသူ၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဦးသန့်စင်မောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကြီး မစ္စတာချန်းဟိုင်နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

 

သတင်းစဉ်