နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး)တို့၏ (၂၈) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

 

မန္တလေး  ဒီဇင်ဘာ  ၈ 
နိုင်ငံတော်   သံဃမဟာနာယက အဖွဲ့၊   နိုင်ငံတော်    ပရိယတ္တိ သာသနာ့တက္ကသိုလ်   (ရန်ကုန်၊ မန္တလေး)တို့၏ (၂၈)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကို  ယနေ့   မွန်းလွဲ  ၁  နာရီတွင် နိုင်ငံတော်   ပရိယတ္တိသာသနာ့ တက္ကသိုလ်  (မန္တလေး) ရှိ    မဟာ ဘွဲ့နှင်းသဘင်ခန်းမ၌    ကျင်းပရာ နိုင်ငံတော်  သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော်   ဒေါက်တာ   ဘဒ္ဒန္တ ကုမာရာဘိဝံသ    အမှူးပြုသည့် တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟို အဖွဲ့ ဆရာတော်များ၊  ထေရဝါဒ ဗုဒ္ဓသာသနာပြု  ဩဝါဒါစရိယအဖွဲ့ ဆရာတော်များ၊   နိုင်ငံတော်    ပရိ ယတ္တိ       သာသနာ့တက္ကသိုလ် (ရန်ကုန်၊မန္တလေး)တို့မှ သင်ကြား/ စီမံ   ဆရာတော်များနှင့်     ဘွဲ့ခံ သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ်    ဦးမောင်ကို၊   အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်         တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ    တက်ရောက် ပူဇော်ကြသည်။
အခမ်းအနားတွင်      ပြည် ထောင်စုဝန်ကြီး    အမှူးပြုသော ပရိသတ်အပေါင်းတို့က      နိုင်ငံ တော်       ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၏       အဓိပတိ၊ နိုင်ငံတော်   သံဃမဟာနာယက အဖွဲ့  ဥက္ကဋ္ဌဆရာတော်  အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ မဟာထေရ်မြတ် ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြသည်။
ဩဝါဒကထာမိန့်ကြား
ထို့နောက် ဆရာတော်ကြီးက ပရိယတ္တိသာသနာ၊     ပဋိပတ္တိ သာသနာ၊     ပဋိဝေဓသာသနာ ဟူသော  သာသနာတော်သုံးရပ် အကျင့်မြတ်တို့တွင်    ကန်ပေါင် ကန်ရိုးသဖွယ်ဖြစ်သော  ပရိယတ္တိ သာသနာတော်ကို အဆက်မပြတ် ပို့ချသင်ကြားခြင်း၊ ဒါယကာ၊ ဒါယိ ကာမများကလည်း     စဉ်ဆက် မပြတ် ပြုစုထောက်ပံ့ကြခြင်းဖြင့် ကျန်ပဋိပတ္တိ၊ ပဋိဝေဓ သာသနာ နှစ်ရပ်လည်း      စဉ်ဆက်မပြတ် တိုးတက်    ဖြစ်ထွန်းနေမည်သာ ဖြစ်ပါကြောင်း အစရှိသော သာရ ဏီယ   ဩဝါဒကထာ  မိန့်ကြား သည်။
ယင်းနောက်      နိုင်ငံတော် ပရိယတ္တိ   သာသနာ့တက္ကသိုလ် များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်    သံဃမဟာနာယက အဖွဲ့   ဒုတိယဥက္ကဋ္ဌ၊  အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ အရှင်သူမြတ်က   ယခုဘွဲ့ခံအရှင် မြတ်တို့သည် မြတ်ဗုဒ္ဓ၏ အဆုံး အမတည်းဟူသော     သာသနာ သုံးရပ် အကျင့်မြတ်တို့ကို စာတွေ့ အားဖြင့်လည်းကောင်း၊ လက်တွေ့ အားဖြင့်လည်းကောင်း၊ ပြင်းပြင်း ထန်ထန် လေ့ကျင့်သင်ကြားပေး ထားသော  အမာခံအင်အားများ ဖြစ်ကြသောကြောင့် သတိမလပ် အမြဲကပ်ပြီး   လုပ်ငန်းခွင်တာဝန် များကို ဆောင်ရွက်လုပ်ကိုင်ကြ ပါဟု      သမ္မောဒနီယကထာကို မိန့်ကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုနှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးမောင်ကိုတို့က   သာသနာရေး ဆိုင်ရာများ     လျှောက်ထားကြ သည်။ (အပေါ်ပုံ)
ဘွဲ့ရအရှင်သူမြတ်များ ဘွဲ့ခံယူ
ယင်းနောက်       နိုင်ငံတော် ပရိယတ္တိ     သာသနာ့တက္ကသိုလ် (ရန်ကုန်) မော်ကွန်းထိန်း    ဆရာ တော်က သာသနတက္ကသီလမဟာ ဓမ္မာစရိယ  ဘွဲ့တံဆိပ်တော်ခံယူ မည့် ရဟန်းတော်များနှင့် သာသန တက္ကသီလ ဓမ္မာစရိယဘွဲ့ခံယူမည့် ရဟန်းတော်တစ်ပါးချင်း၏   ဘွဲ့ တော်ကို ကြေညာ၍ ပါမောက္ခချုပ် ဆရာတော်ထံတွင်    ဘွဲ့ခံယူပြီး နိုင်ငံတော်     ပရိယတ္တိသာသနာ့ တက္ကသိုလ် (မန္တလေး) မော်ကွန်း ထိန်းဆရာတော်က      သာသန တက္ကသီလမဟာ  ဓမ္မာစရိယဘွဲ့ တံဆိပ်တော်ခံယူမည့်     ရဟန်း တော်များနှင့် သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့ခံယူမည့်   ရဟန်း တော် တစ်ပါးချင်း၏  ဘွဲ့တော်ကို ကြေညာ၍  ပါမောက္ခချုပ်ဆရာ တော်ထံတွင် အသီးသီးဘွဲ့ခံယူကြ သည်။ ယခုနှစ်    ဘွဲ့နှင်းသဘင် အခမ်းအနားတွင်     သာသန တက္ကသီလ မဟာဓမ္မာစရိယဘွဲ့ရ ဆရာတော်  ၁၃  ပါး၊  သာသန တက္ကသီလဓမ္မာစရိယဘွဲ့ရ ဆရာ တော် ၁၂၄ ပါး ပေါင်း  ၁၃၇  ပါး ဘွဲ့ခံယူကြသည်။ 
ထို့နောက်      နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များ ၏    အဓိပတိဆရာတော်ကြီး၏ ရှေ့မှောက်တွင် ဘွဲ့ခံရဟန်းတော် များက   သာသနာပြုကတိသစ္စာ ခံယူကြသည်။     ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်   အခမ်း အနား      တက်ရောက်လာကြ သည့်   ပရိသတ်အပေါင်းတို့သည် နိုင်ငံတော်    ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၏  ဒုတိယ  အဓိ ပတိ၊   နိုင်ငံတော်   သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်     အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ     သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ  မဟာထေရ် မြတ်ထံမှ အနုမောဒနာ   တရား နာကြား၍      ရေစက်သွန်းချအမျှ ပေးဝေကြသည်။
ဆက်လက်၍ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ  ဆရာ တော်ကြီး       အမှူးပြုသော ပင့်သံဃာတော်  ၁၈  ပါး၊  ဘွဲ့ခံ ရဟန်းတော်  ၁၃၇ ပါး စုစုပေါင်း ၁၅၅   ပါးတို့ကို    ပြည်ထောင်စု ဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့      ဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်း      စစ်ဌာနချုပ် တိုင်းမှူးတို့အမှူးပြုသော    ဌာန ဆိုင်ရာအကြီးအကဲများ၊ အလှူရှင် များက     ဆွမ်းဆန်တော်များ လောင်းလှူပူဇော်ခဲ့ကြောင်း သိရ သည်။          သတင်းစဉ်