နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း အင်ဒိုနီးရှားသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတင်ပြခြင်းနှင့် Legal Year 2024 ဖွင့်ပွဲအခမ်းအနားတက်ရောက်

 

နေပြည်တော်   ဇန်နဝါရီ   ၁၀ 


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ    ဦးအောင်ဇော် သိန်းသည်    ယနေ့နံနက်ပိုင်းတွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ   ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာတရားရုံးက  အွန်လိုင်းဖြင့်    ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစီရင် ခံစာတင်ပြခြင်းနှင့်    Legal Year 2024       ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။


အခမ်းအနားတွင်    ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ  တရားရုံး  တရားသူကြီးချုပ်  Dr. Suhartoyo S.H., M.H. က  အဖွင့်အမှာစကား ပြောကြားသည်။ 


ဆက်လက်၍    ၂၀၂၃    ခုနှစ် အတွင်း     ဆောင်ရွက်ချက်များကို အစီရင်ခံတင်ပြရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက  စစ်ဆေးစီရင်ခဲ့သည့်      အမှုများ နှင့်   စပ်လျဉ်း၍လည်းကောင်း၊ Judicial Ethics Council  ဖွဲ့စည်း တည်ထောင်ခဲ့မှုများနှင့် စပ်လျဉ်း ၍လည်းကောင်း၊      အခြားနိုင်ငံ များ၏      ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ       အဖွဲ့အစည်းများနှင့်      ပူးပေါင်း      ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍      လည်းကောင်း    အစီရင်ခံတင်ပြပြီး     ဆောင်ရွက် ချက်မှတ်တမ်းဗီဒီယိုကို     ပြသ သည်။


ထို့နောက်    ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံး   တရားသူ ကြီးချုပ်က  နှုတ်ဆက်စကားပြော ကြား၍ အခမ်းအနားကို  ရုပ်သိမ်း လိုက်သည်။ 

အခမ်းအနားသို့     အာရှ ဖွဲ့စည်းပုံ    အခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့်   အဆင့်တူအဖွဲ့ အစည်းများအသင်း   (Association of Asian Constitutional Courts and Equivalent  Institutions- AACC)  ၏  အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သော    မြန်မာနိုင်ငံနှင့်အတူ  အခြားအဖွဲ့ဝင်နိုင်ငံများမှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ    တရားရုံး ဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများနှင့် ဖိတ်ကြား ထားသည့်  ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။                          
သတင်းစဉ်