နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း(AACC) အဖွဲ့ဝင်များအစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲအခမ်းအနားသို့ တက်ရောက်

 

နေပြည်တော်  ဩဂုတ်   ၂၇


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ      ခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်းနှင့် ဒေါ်နန်းစန္ဒာဝင်းတို့သည် ဩဂုတ် ၂၆ ရက်မှ ၂၇ ရက်အထိ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည့် အာရှနိုင်ငံများ၏  ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့ အစည်းများအသင်း (AACC- The Association of Asian Constitutional Courts and Equivalent Institutions) ၏  အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲ နှင့်   ဘုတ်အဖွဲ့ဝင်များအစည်းအဝေးသို့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ပါဝင်တက်ရောက် သည်။  


အဆိုပါ   အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲ သည် အာရှနိုင်ငံများ၏    ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများ အသင်း (AACC) ၏  အလှည့်ကျဥက္ကဋ္ဌ    တာဝန် ထမ်းဆောင်လျက်ရှိသော ကာဇက်စတန်သမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကောင်စီက “The Internet Era: The Rule of Law, the Values of Person, the State Independence” ခေါင်းစဉ်ဖြင့် ဦးဆောင်ကျင်းပခြင်းဖြစ်သည်။ 
အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲသို့ ကာဇက် စတန်နိုင်ငံသမ္မတ Mr. Kassym-Jomart TOKAYEV အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ ကာဂျစ်စတန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊  မြန်မာနိုင်ငံ၊   မွန်ဂိုလီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ရုရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ စသည့် အာရှနိုင်ငံများ၏   ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်းဝင်နိုင်ငံ ၁၇ နိုင်ငံတို့မှ  ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံး/ ကောင်စီ/ ခုံရုံးများ၏ တရား သူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ၊ ကမ္ဘာ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများညီလာခံ (World Conference on Constitutional Justice (WCCJ)) ၏ အထွေထွေအတွင်းရေးမှူးချုပ်၊ ဥရောပ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများအသင်း နှင့်    မော်ဒိုဗာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များ၏ ဥပဒေပညာရှင်တို့ တက်ရောက်ကြသည်။ 
စာတမ်းဖတ်ပွဲတွင် “ဒစ်ဂျစ်တယ်စနစ်နှင့် နိုင်ငံ ၏ အချုပ်အခြာအာဏာ”၊ “လူ့အခွင့်အရေးများကို အာမခံပေးခြင်းနှင့်   အင်တာနက်လွတ်လပ်ခွင့်”၊ “နိုင်ငံနှင့်နိုင်ငံ၏ အခွင့်အာဏာ” စသည့် ခေါင်းစဉ် များနှင့်စပ်လျဉ်း၍    စာတမ်းများဖတ်ကြားခဲ့ပြီး အသိအမြင်အတွေ့အကြုံဗဟုသုတများကို ဖလှယ် ခဲ့ကြသည်။
ထို့အတူ ဩဂုတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် ကျင်းပ သည့် အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး များနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း(AACC)၏ အထွေထွေအတွင်းရေးမှူးချုပ်များ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးလှဌေးနှင့် ညွှန်ကြားရေးမှူး ဦးညီညီလွင်တို့ တက်ရောက်ခဲ့ကြကြောင်း    သိရ သည်။                                              

သတင်းစဉ်