နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး သုတေသနစာတမ်းဖတ်ပွဲ နှစ်ပတ်လျှင်တစ်ကြိမ် ကျင်းပလျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ  ၁၀ 


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ    ပေးအပ်ထားသောလုပ်ငန်းတာဝန်များကို  ဆောင် ရွက်ရာတွင်   အထောက်အကူ ဖြစ်စေရန်နှင့်    ဝန်ထမ်းများ၏ အရည်အသွေး     ပိုမိုတိုးတက် ကောင်းမွန်လာစေရန်   အလို့ငှာ ကမ္ဘာ့နိုင်ငံများ၏     ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ  တရားရုံး များ၊  ခုံရုံးများနှင့်  ကောင်စီများ အကြောင်းကို     လည်းကောင်း၊ ကမ္ဘာ့နိုင်ငံများ၏      ဖွဲ့စည်းပုံ အခြေခံဥပဒေများကို     လည်း ကောင်း၊ အာရှနိုင်ငံများ၏ ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး များနှင့်အဆင့်တူ အဖွဲ့အစည်းများ အသင်း(AACC)၊ အသင်းဝင်နိုင်ငံ များ၏   ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ         ဆုံးဖြတ်ချက်များ အကြောင်းကို     လည်းကောင်း လေ့လာ၍      သုတေသနစာတမ်း များကို ပြုစုကာ ၂၀၂၂ ခုနှစ် မေလ မှစ၍    နှစ်ပတ်လျှင်  တစ်ကြိမ် စာတမ်းဖတ်ပွဲများအား  ကျင်းပ လျက်ရှိသည်။

 


နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ (၁၃) ကြိမ် မြောက်  သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေး ခန်းမ၌  ကျင်းပပြုလုပ်ရာ  နိုင်ငံ တော်   ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးအဖွဲ့ဝင်   ဒေါက်တာ မာလာအောင်က “Implementa-tion of Constitutional Review: Challenges and Development Trends”    သုတေသနစာတမ်း ကိုလည်းကောင်း၊   လက်ထောက် ညွှန်ကြားရေးမှူး    ဦးမျိုးမြင့်က “ဂါဘွန်နိုင်ငံ    ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံး”  သုတေ သနစာတမ်းကို    လည်းကောင်း ဖတ်ကြားကြပြီး  အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်မှ  ဒုတိယ ဦးစီးမှူး    ရာထူးအဆင့်အထိ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းလမ်း များနှင့်အညီ တက်ရောက်ခဲ့ကြ သည်။

 


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ     ခုံရုံးအနေဖြင့် သုတေသန  စာတမ်းဖတ်ကြားမှု နှင့်စပ်လျဉ်း၍   အများပြည်သူ သိရှိနိုင်ရန်အလို့ငှာ   နိုင်ငံတော် ဖွဲ့စည်းပုံ    အခြေခံဥပဒေဆိုင်ရာ ခုံရုံး   Website  တွင်  အချိန်နှင့် တစ်ပြေးညီ   လွှင့်တင်ပေးလျက် ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာဂျာနယ်များ၊   ကမ္ဘာ့နိုင်ငံများ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် တရားရုံးများအကြောင်း  စာအုပ် များကို      အခါအားလျော်စွာ ထုတ်ဝေလျက်ရှိကြောင်း    သိရ သည်။                      

သတင်းစဉ်