နိုင်ငံတော်မှ အားကစားကို အထူးအားပေးနေသည့် အချိန်အခါကောင်းဖြစ်သည့်အတွက် အားကစားသမားများအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ ကြိုးစားလေ့ကျင့်

 

ရန်ကုန်   မတ်  ၈
အားကစားနှင့်   လူငယ်ရေးရာ ဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများ နှင့်အတူ   ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းလျား လမ်းရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ ချုပ်သို့ ရောက်ရှိပြီး   မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အတွင်း ရေးမှူး၊        တာဝန်ရှိသူများ၊ အားကစားသမားများနှင့်  ရင်းရင်း နှီနှီး တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်မှ အားကစားကို အထူး အားပေးနေသည့်   အချိန်အခါ ကောင်းဖြစ်သည့်အတွက်   အား ကစားသမားများအနေဖြင့် နိုင်ငံ့ ဂုဏ်ဆောင်နိုင်သည်အထိ ကြိုးစား လေ့ကျင့်ကြစေလိုကြောင်း၊ ဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာအဖွဲ့ချုပ်များ အနေဖြင့် လိုအပ်သည်များကို ပံ့ပိုး ပေးသွားမည်ဖြစ်ကြောင်း    ပြော ကြားပြီး အားကစားသမားများ ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်   ဒဂုံမြို့နယ်   ဦးဝိစာရ လမ်းရှိ   အမျိုးသားရေကူးကန် သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံ     ဂျူဒိုအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ   စားပွဲတင်တင်းနစ် အဖွဲ့ချုပ်တို့၌ နွေရာသီသင်တန်း များ    ဖွင့်လှစ်လေ့ကျင့်နေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် လမ်းမတော်မြို့နယ် အမျိုး သား ကြက်တောင်အားကစားရုံသို့ ရောက်ရှိပြီး   မြန်မာနိုင်ငံ  ကြက် တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊   တာဝန်ရှိ သူများနှင့် တွေ့ဆုံကာ စခန်းသွင်း လေ့ကျင့်နေမှုများ၊ လူရွေးချယ် ရေးကိစ္စရပ်များ၊      နိုင်ငံတကာ ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင် မည့်   ကိစ္စရပ်များကို ဆွေးနွေး၍ အားကစားသမားများ   လေ့ကျင့် နေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစား ပြိုင်ဝင်း သို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ   အားကစားနည်း အလိုက် တိုးတက်ပြန့်ပွားရေးနှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး ကိစ္စရပ် များကို ဆွေးနွေးသည်။
ထို့နောက်   ဒုတိယဝန်ကြီး သည်    ကျိုက္ကဆံဝင်းအတွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)သို့ ရောက်ရှိပြီး ရေကူး ကန်၊ GYM  ခန်းနှင့်   ကရာတေး လေ့ကျင့်ရေးရုံတို့ကို     ကြည့်ရှု စစ်ဆေးကာ    အားကစားနည်း အလိုက် GYM ခန်း   အသုံးပြုမှု အခြေအနေနှင့် ပြုပြင်ထိန်းသိမ်း မှုများကို စနစ်တကျ ဆောင်ရွက် ရန်   မှာကြား၍  သိပ္ပံဝင်းအတွင်း လှည့်လည်ကြည့်ရှုပြီး      ပြည် ထောင်စုခန်းမ၌  အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)၊ ရန်ကုန် တိုင်းဒေသကြီး    အားကစားနှင့် ကာယပညာဦးစီးဌာန    ဝန်ထမ်း များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။  
ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်   အဖွဲ့သည်    အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) အမျိုး သား/အမျိုးသမီး အိပ်ဆောင်ကို လှည့်လည်ကြည့်ရှု    စစ်ဆေးပြီး နည်းပြ  /   နည်းစနစ်မှူးများနှင့် Grade-12 စာမေးပွဲဖြေဆိုမည့် သင်တန်းသား/သင်တန်းသူများကို  အားပေးစကား   ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏသို့ ရောက်ရှိပြီး အားကစား ကွင်း/အားကစားရုံ ဌာနခွဲမှ အရာ ထမ်း/အမှုထမ်းများနှင့်   လည်း ကောင်း၊ မြန်မာနိုင်ငံ ခရစ်ကက် အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ များ၊    အတွင်းရေးမှူးများနှင့် လည်းကောင်း တွေ့ဆုံပြီး လုပ်ငန်း အခက်အခဲများကို ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း   သတင်းရရှိ သည်။        

               
သတင်းစဉ်