နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက် တပ်မတော်သားများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် အသင့်စားသုံးနိုင်သည့်စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁
နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော  ရှေ့တန်းရောက်တပ်မတော်သားများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် အသင့်စားသုံးနိုင်သော စားသောက် ကုန်ပစ္စည်းများကို  ယနေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့က ထောက်ပံ့ပေးအပ်ခဲ့သည်။ 

 

ကရင်ပြည်နယ်အစိုးရအဖွဲ့ အသင့်စားသုံးနိုင်သော ငါးပိဗာလချောင်ကြော်၊ ငါးခြောက်ကြော်၊  အသားတု ကြော်ဘူးပေါင်း ၃၃၀၀ ကျော် ထောက်ပံ့

ကရင်ပြည်နယ်   အစိုးရအဖွဲ့ ၏အစီအစဉ်ဖြင့် နိုင်ငံတော်လုံခြုံ ရေးနှင့်  ကာကွယ်ရေးတာဝန် များကို စွမ်းစွမ်းတမံထမ်းဆောင် လျက်ရှိသော    ရှေ့တန်းရောက် တပ်မတော်သားများ   အတွက် အသင့်စားသုံးနိုင်သော       စား သောက်ကုန်ပစ္စည်းများကို  အခါ အားလျော်စွာ ပို့ဆောင်ထောက်ပံ့ ပေးလျက်ရှိရာ  ဖေဖော်ဝါရီ  ၂၁ ရက် နံနက်  ၁၀ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ (၂)၌ ရှေ့တန်းရောက် တပ်မတော် သားများအတွက် စားသောက်ဖွယ် ရာများ  ထောက်ပံ့ပေးအပ်သည်။
ထိုသို့    ထောက်ပံ့ပေးအပ် ရာတွင်  ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက    တပ်မတော် သားများသည်  ဒို့တာဝန်အရေး သုံးပါးကို     ဦးထိပ်ပန်ဆင်၍ နယ်မြေဒေသတည်ငြိမ်အေးချမ်း ရေးကို  သက်စွန့်တာဝန်ထမ်း ဆောင်နေကြသူများ      ဖြစ်ပြီး စဉ်ဆက်မပြတ်ပေးပို့လှူဒါန်းနိုင် ရေး ထပ်မံထောက်ပံ့ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊   ရှေ့ တန်းစစ်မျက်နှာများတွင် တာဝန် ထမ်းဆောင်     နေကြသူများ အားလုံး အန္တရာယ်ကင်းဘေးရှင်း ၍   တိုက်ပွဲတစ်ရာ    အောင်ပွဲ တစ်ရာ ရရှိနိုင်ကြပါစေကြောင်း အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က     အရှေ့တောင်တိုင်း စစ်ဌာနချုပ်  ကွပ်ကဲမှုအောက်ရှိ ရှေ့တန်းရောက် တပ်မတော်သား များအတွက်  အသင့်စားသုံးနိုင် သော   ငါးပိဗာလချောင်ကြော်၊ ငါးခြောက်ကြော်၊   အသားတု ကြော်ဘူးပေါင်း ၃၃၀၀ ကျော်ကို အရှေ့တောင်တိုင်း   စစ်ဌာနချုပ် ဒုတိယတိုင်းမှူးထံ  ထောက်ပံ့ ပေးအပ်ရာ   ဒုတိယတိုင်းမှူးက လက်ခံရယူပြီး တိုင်းပြည်တာဝန် များကို စွမ်းစွမ်းတမံထမ်းဆောင် နေကြသည့်    ရှေ့တန်းရောက် တပ်မတော်သားများ  ကိုယ်စား ကျေးဇူးတင်စကား   ပြန်လည် ပြောကြားသည်။
အလားတူ ဖေဖော်ဝါရီ ၁၉ ရက်နှင့်  ၁၇  ရက်တို့တွင်  နိုင်ငံ တော်ကာကွယ်ရေးတာဝန်ထမ်း ဆောင်နေကြသည့်    ရှေ့တန်း ရောက်    တပ်မတော်သားများ အတွက် အသင့်စားသုံးနိုင်သော အစားအစာများပေးပို့လှူဒါန်းနိုင် ရေးအတွက်    ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၏ ဇနီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း ၍  ပြည်ထောင်စုရိပ်သာ၌   ငါးပိ၊ ငါးခြောက်၊   ငရုတ်၊   ကြက်သွန်၊ အသားတု     အစရှိသည့်      စား သောက်ကုန်     ပစ္စည်းများကို ကြော်လှော်ချက်ပြုတ်    ပြင်ဆင် ထုပ်ပိုးနေမှုများကို    ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ က သွားရောက်ကြည့်ရှု အားပေး ပြီး  ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 
စောမျိုးမင်းသိန်း(ပြန်/ဆက်)