
နေပြည်တော် နိုဝင်ဘာ ၄
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေး နှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြု ချီးမြှင့်ငွေများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ခြင်းကို နေပြည်တော် တိုင်း စစ်ဌာနချုပ်ရှိ အောင်ငြိမ်း အေးခန်းမ၌ပြုလုပ်ရာ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦး လွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တိုင်းမှူးဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက် ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဂုဏ်ပြု ချီးမြှင့်ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ထို့နောက် စေတနာရှင် အလှူရှင် ၄၉ ဦးက ဂုဏ်ပြုချီးမြှင့် ငွေစုစုပေါင်းငွေကျပ် ၁၁၀၂၇ သိန်း အား ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူး က လက်ခံရယူပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် သည်။
အလားတူ ရှမ်းပြည်နယ် အတွင်းရှိ စေတနာရှင်အလှူရှင် များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းကို တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက် ရောက်ကြသည်။ ထို့နောက် စေတနာရှင် အလှူရှင် ၂၂၈ ဦး တို့က လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်း ငွေကျပ် ၆၅၆၁ သိန်းအား ဂုဏ်ပြု ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက လက်ခံရယူ ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ် က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်