
နေပြည်တော် နိုဝင်ဘာ ၁၀
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ် ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာ ရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့် ငွေများ လာရောက်ဂုဏ်ပြုချီးမြှင့် ပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် အတွင်းရှိ စေတနာရှင် အလှူရှင် များက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်းကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက် ရောက်ကြသည်။ ယင်းနောက် စေတနာရှင်အလှူရှင် ၇၁ ဦးက လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်း ငွေကျပ်သိန်း ၆၆၈၀ အား ဂုဏ်ပြု ပေးအပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိ သူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ကာ ကျေးဇူတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်