နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ လာရောက်ပေးအပ်

 

နေပြည်တော်   နိုဝင်ဘာ   ၇


နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက်    စေတနာရှင်   အလှူရှင်များက  ဂုဏ်ပြုချီးမြှင့်ငွေများ   လာရောက်ဂုဏ်ပြုချီးမြှင့်ပေးအပ် လျက်ရှိသည်။


ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည် နယ် (အရှေ့ပိုင်း) အတွင်းရှိ စေတနာရှင် အလှူရှင် များက     ဂုဏ်ပြုချီးမြှင့်ငွေများ    ပေးအပ်ခြင်းကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ  တိုင်းမှူး  ဗိုလ်ချုပ်  အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက် ရောက်ကြသည်။ ဦးစွာ အလှူရှင်တစ်ဦးက လှူဒါန်း ရခြင်းနှင့်  ပတ်သက်၍  ရှင်းလင်းပြောကြားသည်။ ထို့နောက် စေတနာရှင်အလှူရှင်  ၃၂ ဦးက လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်း ငွေကျပ်သိန်း ၅၀၆၀ အား ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူး က လက်ခံရယူပြီး   ကျေးဇူတင်စကား    ပြန်လည် ပြောကြားကာ  ဂုဏ်ပြုမှတ်တမ်းလွှာများ  ပေးအပ် သည်။


အလားတူ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ  စေတနာရှင်  အလှူရှင်များက  အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို     စွမ်းစွမ်းတမံ      တာဝန် ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက်    ဂုဏ်ပြုချီးမြှင့်ငွေများ   ပေးအပ်ခြင်းကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန်အောင် ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး  ဗိုလ်မှူးချုပ် ကျော်စွာဦး နှင့်   တာဝန်ရှိသူများ၊    စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။  ဦးစွာ  တိုင်းမှူးက  အဖွင့် အမှာစကား ပြောကြားသည်။  ထို့နောက် စေတနာရှင် အလှူရှင် ၅၄ ဦး၏ကိုယ်စား  မြိတ်ခရိုင် အုပ်ချုပ် ရေးမှူးနှင့်  တာဝန်ရှိသူများက  ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် ၃၂၉၃ သိန်းအား ဂုဏ်ပြုပေးအပ် ရာ တိုင်းမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်