နိုင်ငံတော်ကို အုပ်ချုပ်ရာတွင် တစ်ဗိုလ်တစ်မင်းဖြစ်နေ၍ မရနိုင်ဘဲ မှန်ကန်သည့် အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှုရှိရမည်ဖြစ်သဖြင့် ခိုင်မာသည့်အဖွဲ့အစည်း၊ ပါတီတို့ပူးပေါင်းဆောင်ရွက်မှသာလျှင် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို ဖော်ဆောင်နိုင်မည်

 

နေပြည်တော်  စက်တင်ဘာ   ၁၉


တပ်မတော်သည် ခေတ်အဆက်ဆက်ကတည်းကပင် နိုင်ငံတော်ကာကွယ်ရေးနှင့်    ပြည်သူတို့၏ အကျိုး စီးပွားကို ရှေးရှုဆောင်ရွက်လျက်ရှိသည်မှာ ယနေ့ ထက်တိုင်ပင်ဖြစ်ပြီး နောင်တွင်လည်း  ဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)ဒေသသည် တိုင်းရင်းသား လူမျိုးစုများ အဓိကနေထိုင်သည်ဖြစ်သဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် ဒေသတွင်းဖြစ်ပေါ် သည့် အခက်အခဲများကို တိုင်းရင်းသားများနှင့်အတူ အေးအတူပူအမျှလုပ်ဆောင်၍   လက်တွဲဖြေရှင်း ကြရမည်ဖြစ်ကြောင်း   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်း တွင် လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစု များအား  တိုင်းစစ်ဌာနချုပ်ခန်းမ၌    တွေ့ဆုံအမှာ စကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။ 


တက်ရောက်


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး  မောင်မောင်ကျော်နှင့် ဇနီး၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊  မိသားစုများ    တက်ရောက်ကြ သည်။ 


ထိန်းသိမ်းလုပ်ဆောင်သွားရမည်


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေသည် နိုင်ငံတော်၏ အရှေ့ဘက်ခြမ်းနယ်စပ် ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေး တာဝန်များကို  ထမ်းဆောင်နေရသည့် နယ်မြေတစ်ခုဖြစ်ကြောင်း၊ လွတ်လပ်ရေးနှင့်အတူ မွေးဖွားခဲ့သည့် တပ်မတော်သည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ ပြည်တွင်းပဋိပက္ခနှိမ်နင်းရေး တာဝန် များကိုခေတ်အဆက်ဆက် ထမ်းဆောင်ခဲ့ရာတွင် ပြည်သူတို့၏ အသက်အိုးအိမ်နှင့် အကျိုးစီးပွားတို့ကို လည်း အစဉ်တစိုက်ကာကွယ်စောင့်ရှောက်ခဲ့သည် ကို အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် သိရှိပြီး ဖြစ်ကြောင်း၊ တပ်မတော်၏ဆန္ဒဖြစ်သည့် တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ဖြစ်စေ ရေးအတွက်        ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင်    ပြည်သူနှင့်တစ်သားတည်း ဖြစ်အောင်လုပ်ဆောင်၍   ပြည်သူ၏လိုအပ်ချက်၊ တိုင်းပြည်၏လိုအပ်ချက်တို့ကို   တိုက်ရိုက်သော် လည်းကောင်း၊     သွယ်ဝိုက်၍သော်လည်းကောင်း လုပ်ဆောင်ပေးခဲ့သည်ကို သမိုင်းကြောင်းများတွင် တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊    ထိုသို့  မွန်မြတ်ပြီး ကောင်းမွန်သည့် တပ်မတော်၏ အစဉ်အလာကောင်း များကို   ဆက်လက်ထိန်းသိမ်းလုပ်ဆောင်သွားရ မည်ဖြစ်ကြောင်း။


မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပေါ်ခဲ့စဉ် တွင်လည်း တပ်မတော်အနေဖြင့် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ခဲ့ပြီး         ကျန်းမာရေးဝန်ထမ်း၊ စက်ကိရိယာနှင့် အထောက်အကူပြု ဆေးဝါးလိုအပ် ချက်များကို    ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည့် အပြင်    ဆေးရုံတက်ရောက်ကုသမှုခံယူနေရသူ များ၊   လူနာစောင့်များ၊     ကျန်းမာရေးဝန်ထမ်းများ အတွက်  အာဟာရဖြည့်စွက်စာများ      လှူဒါန်းခြင်း နှင့် အထွေထွေလိုအပ်ချက်များ   ဖြည့်ဆည်းပေးခြင်း တို့ကိုလည်း လုပ်ဆောင်ပေးခဲ့ပြီး ယခုထက်ထိလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်သည် ခေတ်အဆက်ဆက်ကတည်းကပင်    နိုင်ငံတော် ကာကွယ်ရေးနှင့်  ပြည်သူတို့၏   အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်လျက်ရှိသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်ပြီး  နောင်တွင်လည်း      ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။


ဦးစားပေးလုပ်ဆောင်


တပ်မတော်အနေဖြင့် ၂၀၁၁ ခုနှစ်   ဒီမိုကရေစီ အစိုးရပထမသက်တမ်း          ကာလကတည်းကပင် နိုင်ငံတော်ကာကွယ်ရေးနှင့်     ပြည်သူအကျိုးပြု လုပ်ငန်းများကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့ကြောင်း၊ တိုင်းပြည်တိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည် များကို အစိုးရနှင့် အတွဲညီညီဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်  ရွေးကောက်ပွဲအပြီးတွင် ဒီမိုကရေစီ အစိုးရသစ်တစ်ရပ်တက်လာခဲ့ပြီး ငါးနှစ်တာ ကာလ အုပ်ချုပ်ခဲ့ကာ စီမံခန့်ခွဲရေး၊ စီးပွားရေးနှင့်   ကဏ္ဍ ပေါင်းစုံတွင်   လိုအပ်ချက်များ  ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အခြားကဏ္ဍများ၌ တပ်မတော်မှ ဖြစ်သင့်ဖြစ်ထိုက်သည်များကို အကြံပြုထောက်ပြ ခဲ့သော်လည်း   စစ်ဘက်  အရပ်ဘက်    ပူးပေါင်း ဆောင်ရွက်မှု အားနည်းခဲ့ကြောင်း။


လေးစားလိုက်နာရမည်


လက်ရှိနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေ များနှင့် ပတ်သက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများ အနေဖြင့် သိရှိပြီးဖြစ်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲစာရင်းကြီးမားစွာ မှားယွင်းမှုများ ကို စိစစ်တွေ့ရှိရပြီး နိုင်ငံရေးအရ အရေးပေါ်ကြေညာ တာဝန်ယူခဲ့ရခြင်းဖြစ်သဖြင့် အခြေခံဥပဒေအတိုင်း သာ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး   ပြည်သူ လူထုတစ်ရပ်လုံး ဆန္ဒမဲပေး၍ အတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ခုနှစ်ပါ ဥပဒေပြဋ္ဌာန်း ချက်များကို  လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေတွင် လိုအပ်ချက်၊ အားနည်းချက်များ ရှိကောင်းရှိမည်ဖြစ်သော်လည်း       တိုင်းပြည်နှင့် ပြည်သူကို အကာအကွယ်ပေးထားသည့် ကောင်းမွန် သည့် အချက်များစွာလည်းပါရှိကြောင်း။


တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကိုထမ်းဆောင်ခဲ့ရပြီးနောက်ပိုင်း    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊  ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသားရေးအရ လုပ်ဆောင်ရမည့်အချက် တစ်ချက်နှင့် နိုင်ငံရေးအရ    လုပ်ဆောင်ရမည့် အချက်နှစ်ချက်ရှိကြောင်း၊  အမျိုး သားရေးလုပ်ငန်းစဉ်အဖြစ်      ဆောင်ရွက်ရမည့် လုပ်ငန်းမှာ တိုင်းပြည်သာယာဝပြောရေးနှင့်   စားရေ ရိက္ခာဖူလုံရေးဖြစ်ကြောင်း၊ နိုင်ငံရေးအရ လုပ်ဆောင် ရမည့် လုပ်ငန်းစဉ်နှစ်ခုမှာ စစ်မှန်စည်းကမ်းပြည့်ဝ သည့်    ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို   အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ပင်ဖြစ်ကြောင်း၊ အထက်ပါ အချက်သုံးချက်ကို ဒို့တာဝန်အရေးသုံးပါး ကဲ့သို့ပင် ခံယူဆောင်ရွက်လျက်ရှိကြောင်း၊   မိမိတို့ နိုင်ငံသည် ပြည်မကိုဗဟိုပြု၍ တိုင်းရင်းသားဒေသ များဖြင့် ပေါင်းစည်းထားသည့်  ပြည်ထောင်စုနိုင်ငံတစ်ခုဖြစ်ကြောင်း၊ ဘာသာရေးအရ၊ တိုင်းရင်းသား ရေးအရ အယူအဆကွဲလွဲမှုများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်၍   ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံ သည့်၊ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် အုပ်ချုပ်မှုပုံစံမျိုး ကို ကျင့်သုံးနိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ် ကြောင်း၊   နိုင်ငံတော်ကို အုပ်ချုပ်ရာတွင် တစ်ဗိုလ် တစ်မင်းဖြစ်နေ၍ မရနိုင်ဘဲ မှန်ကန်သည့် အဆင့်ဆင့်  ကွပ်ကဲအုပ်ချုပ်မှုရှိရမည်ဖြစ်သဖြင့်   ခိုင်မာသည့် အဖွဲ့အစည်း၊ ပါတီတို့ ပူးပေါင်းဆောင်ရွက်မှသာလျှင် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့်  နိုင်ငံတော် ကို  ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။ 


အေးအတူပူအမျှလုပ်ဆောင်


တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ဖြစ်သဖြင့် စွမ်းရည်စွမ်းအား ရှိသည့် တပ်မတော်ဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသသည်   တိုင်းရင်း သားလူမျိုးစုများ    အဓိကနေထိုင်သည်ဖြစ်သဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် ဒေသတွင်း ဖြစ်ပေါ်သည့် အခက်အခဲများကို တိုင်းရင်းသားများ နှင့်အတူ အေးအတူပူအမျှလုပ်ဆောင်၍   လက်တွဲ ဖြေရှင်းကြရမည်ဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ   စီမံခန့်ခွဲမှုကောင်းစွာဖြင့် မိမိအလုပ်ကို စေတနာထား၍   မှန်မှန်ကန်ကန်ဖြင့် လုပ်ဆောင်မည်ဆိုပါက ကောင်းမွန်သည့်   အကျိုး အမြတ်များရရှိနိုင်မည်ဖြစ်သဖြင့်       ဒေသဖွံ့ဖြိုး တိုးတက်ရေးကို တတ်စွမ်းသရွေ့  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။


ကာကွယ်ရေးအမြင် ရှိနေရမည်


တပ်မတော်သားတိုင်းသည်     နိုင်ငံတော်နှင့် ပြည်သူကို     ကာကွယ်မည်ဟူသည့်   မွန်မြတ်သည့် စိတ်ဆန္ဒဖြင့်     တပ်မတော်သို့       မည်သူတစ်ဦး တစ်ယောက်၏         တိုက်တွန်းချက်မှမပါရှိဘဲ  Volunteer ဝင်ရောက် အမှုထမ်းကြသူများဖြစ်သည့်  အတွက် မိမိတို့ထမ်းဆောင်နေသည့် တာဝန်အပေါ် ခံယူချက်၊   ယုံကြည်ချက်    နက်နက်ရှိုင်းရှိုင်းဖြင့် တာဝန်ထမ်းဆောင်ရန်နှင့်          တပ်မတော်သား တစ်ယောက်ပီသစွာ   နေထိုင်ကျင့်ကြံရမည်ဖြစ် ကြောင်း၊ နေ့စဉ်လုပ်ဆောင်နေရသည့်   လုပ်ငန်း တာဝန်များသည်   တစ်ဦးချင်း၏    ပင်ကိုအရည် အသွေးများကို မြှင့်တင်ပေးနေခြင်းဖြစ်သဖြင့် မိမိ တို့၏ ထိုးထွင်းကြံဆမှုဖြင့်   ကြုံတွေ့လာရသည့် အခက်အခဲများကို ဆန်းစစ်ပြီး တွေးခေါ်မြော်မြင်မှု ဖြင့် ကျော်ဖြတ်နိုင်ရေးအတွက်     ဉာဏ်ပညာကို အသုံးချနိုင်ရန်လိုအပ်ကြောင်း၊ ထိုသို့   အသုံးချနိုင် ရေးအတွက် အသိပညာနှင့် ပြည့်စုံရန်လိုအပ်သည့် အတွက် မိမိတို့၏အားလပ်ချိန်များတွင် အကျိုးရှိ စေမည့် စာအုပ်စာပေများကို       ဖတ်မှတ်ကြရန်လို ကြောင်း၊ ထို့ပြင် လုံခြုံရေးသတိ၊ လုံခြုံရေးသတိ အမြဲထားရှိပြီး ကာကွယ်ရေးအမြင် ရှိနေရမည်ဖြစ် ကြောင်း။


ကြပ်မတ်ထိန်းသိမ်း


ပညာရေးနှင့် ပတ်သက်၍ အသိပညာဗဟုသုတ ရရှိရေး မိမိကိုယ်တိုင်စာဖတ်ရန် လိုအပ်သကဲ့သို့ မိမိ တို့၏ သားသမီးများ၏ ပညာရည်မြင့်မားမှုရှိစေ ရေးအတွက်လည်း   အားပေးဆောင်ရွက်ကြရန်လို ကြောင်း၊ ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေများ အရ ကျောင်းများပိတ်ထားရသော်လည်း မိမိတို့၏ ကလေးငယ်များကို ယခင်သင်ကြားခဲ့သည့် စာပေ များကို ဖတ်မှတ်လေ့လာနေစေရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အရာရှိ၊ စစ်သည်များ၊ မိသားစု ဝင်များ အသိပညာ ဗဟုသုတ နောက်ကျမကျန်ခဲ့ရ စေရေးအတွက် တပ်မတော်ပိုင်စာပေထုတ်လုပ်ရေးလုပ်ငန်းများမှ သတင်းစာ၊  ဂျာနယ်၊    မဂ္ဂဇင်းနှင့် သုတရသ စာအုပ်စာပေများကို ထုတ်ဝေ၍ တပ်ဌာန ချုပ်အသီးသီးသို့          ဖြန့်ဝေပေးလျက်ရှိကြောင်း၊ လူတစ်ဦး၏ စာဖတ်အားသည် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အပံ့ပေးနိုင်သည် ဖြစ်သဖြင့် စာဖတ်ကြစေလိုပြီး မိမိတို့၏ ကလေးငယ် များကိုလည်း    ပညာရေးလမ်းကြောင်းမှ    သွေဖည် မသွားစေရေး ကြပ်မတ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း။ 


ရည်မှန်းချက်ထားဆောင်ရွက်


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်   ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ လျော့ကျလာပြီဖြစ်သော် လည်း စည်းကမ်းတင်းကျပ်မှုများကို   ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပြီး ကူးစက်ဖြစ်ပွားမှု သိသာစွာ ကျဆင်းလာသည်အထိ ထိန်းချုပ်နိုင်သည့်အချိန်တွင် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို    ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊    ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများကို   အင်တိုက်အားတိုက်ဖြင့် လုပ်ဆောင်လျက်ရှိပြီး         ယခုနှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေးထိုးနှံရန်လိုအပ်သည့်   လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအထိ ထိုးနှံပြီးစီးနိုင်ရေး ရည်မှန်းချက် ထားဆောင်ရွက်လျက်ရှိကြောင်း၊      နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော် အနေဖြင့် မကျန်းမမာဖြစ်နေ၍ မရသည့်အတွက် ကျန်းမာကြံ့ခိုင်ရေး၊   ကိုယ်ခံအားကောင်းမွန်ရေး အတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များကို လိုက်နာရန်လိုမည်ဖြစ်သကဲ့သို့  အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာရေးနှင့်  ညီညွတ်မျှတသည့် နေထိုင်စားသောက်မှုဖြစ်စေရန်      မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ဖြင့် မှာကြားသည်။


ညှိနှိုင်းဆောင်ရွက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစု များ၏  လိုအပ်ချက်များကို   မေးမြန်းကာ  လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများကို       ပေးအပ်ရာ တိုင်းမှူးက  လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ဇနီးက မိခင်နှင့်ကလေး   ထောက်ပံ့ငွေများ ကို ပေးအပ်ရာ တိုင်းမှူး၏   ဇနီးက   လည်းကောင်း အသီးသီး လက်ခံရယူခဲ့ကြသည်။ 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ ဝင်များသည်  တက်ရောက်လာကြသည့်   အရာရှိ၊ စစ်သည်၊ မိသားစုများအား    ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကြသည်။


ဆက်လက်ပြီး        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ   နယ်မြေခံ တပ်မတော်ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး ပြီး   ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး   အားပေး စကားပြောကြားကာ   စားသောက်ဖွယ်ရာများ   ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်