နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ ချောင်းသာကမ်းခြေသို့ အပန်းဖြေခရီးသွားရောက်

 

နေပြည်တော်   နိုဝင်ဘာ   ၁၈


နိုင်ငံတော်ကာကွယ်ရေး   တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ   ဆေးရုံ၊   ဆေးခန်းများတွင် တက်ရောက်ကုသ၍   ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား အနားယူ အပန်းဖြေခရီးစဉ်အဖြစ်    ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးမှတစ်ဆင့်   မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးရာ  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့်  တာဝန်ရှိသူများက ရင်းရင်း နှီးနှီး ပို့ဆောင်နှုတ်ဆက်ကြသည်။


အဆိုပါအဖွဲ့သည်  နေ့လယ်ပိုင်းတွင် ပုသိမ်မြို့သို့ ရောက်ရှိကြပြီး  ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြကာ ရွှေစာပုသိမ်ထီးလုပ်ငန်းအား သွားရောက်ကြည့်ရှုလေ့လာကြသည်။  ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး     ချောင်းသာကမ်းခြေသို့ ရောက်ရှိကြရာ    အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့်  တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ   ကြိုဆိုခဲ့ကြသည်။    ထို့နောက် ချောင်းသာ   အပန်းဖြေဧည့်ရိပ်သာ၌   တိုင်းမှူးက အမှာစကားပြောကြားပြီး   ဒေသထွက်စားသောက် ဖွယ်ရာများဖြင့်   တည်ခင်းဧည့်ခံ၍   လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်