နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် နယ်လှည့်ပြည်သူ့ဆက်ဆံ

 

နေပြည်တော်   ဒီဇင်ဘာ   ၁၇
တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီးရှိ      တိုင်းရင်းသား ပြည်သူများ  စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်  စားသောက်နိုင် ရေးနှင့်     အသက်အိုးအိမ်စည်း စိမ်ဥစ္စာလုံခြုံမှုရှိစေရေး နိုင်ငံတော်  ကာကွယ်ရေးနှင့်    လုံခြုံရေး တာဝန်များကို     မိဝေးဖဝေး၊ မိသားစုများနှင့်  ဝေးကွာစွာဖြင့် နေ့မအား ညမနား ထမ်းဆောင် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် ၎င်းတို့၏  မိသားစု များအပေါ်    လွမ်းဆွတ်သတိရ သည့်စိတ်များ      ခေတ္တခဏမျှ ပြေပျောက်စေရန်နှင့် စိတ်ပျော်ရွှင် ကြည်နူးစေရန်အတွက် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)၊  ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက်ရှိ     နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များမှ  အရာရှိ၊ စစ်သည်၊      စစ်သမီးများနှင့် မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား (MRTV)မှ အဖွဲ့သူအဖွဲ့သားများက တိုင်းစစ်ဌာနချုပ်    အသီးသီးရှိ ရှေ့တန်းစခန်းများနှင့်   နယ်မြေခံ တပ်ရင်းဌာနချုပ်များသို့  အလှည့် ကျသွားရောက်၍     ကိုယ်ချင်း စာစိတ် အပြည့်အဝဖြင့်  ဂုဏ်ပြု ဖျော်ဖြေသီဆို      ကပြလျက်ရှိ သည်။
ထိုသို့     သွားရောက်ဂုဏ်ပြု သီဆိုကပြ     ဖျော်ဖြေလျက်ရှိရာ ဒီဇင်ဘာ ၁၆ ရက်တွင် အနောက် မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ ရှိ     ကသာမြို့၊    ဝန်းသိုမြို့နှင့် အင်းတော်မြို့တို့ရှိ      နယ်မြေခံ တပ်ရင်းဌာနချုပ်များနှင့်  အရှေ့ တောင်တိုင်းစစ်ဌာနချုပ်  နယ်မြေ၊ မော်လမြိုင်မြို့ရှိ       နယ်မြေခံ တပ်ရင်း          ဌာနချုပ်များသို့  နယ်လှည့်    ပြည်သူ့ဆက်ဆံရေး အဖွဲ့များမှ   အရာရှိ၊    စစ်သည်၊ စစ်သမီးများ၊     မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ အဖွဲ့သူ၊ အဖွဲ့သားများက    စစ်ချီတေး၊ စစ်သည်       တေးသီချင်းများ၊ ခေတ်ပေါ်နှင့်      ခေတ်ဟောင်း တေးသီချင်းများဖြင့်   ဖျော်ဖြေ ကြရာ    တပ်မတော်သားများ၊ မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက  စိတ်လက် ပျော်ရွှင်  ကြည်နူးချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး၍  အချို့စစ်သည် များနှင့် မိသားစုများက လွတ်လပ် ပေါ့ပါးစွာဖြင့်    အတူတကွပါဝင် သီဆိုကြပြီး    အမှတ်တရစုပေါင်း ဓာတ်ပုံများရိုက်ကြသည်။ 
ထိုကဲ့သို့     လာရောက်သီဆို ဖျော်ဖြေပေးကြသည့်    အဖွဲ့သူ၊ အဖွဲ့သားများကို     နယ်မြေခံ တပ်များမှ  တာဝန်ရှိသူများနှင့် မိသားစုဝင်များက    ဒေသထွက် လက်ဆောင်ပစ္စည်းများ  ပေးအပ် ကြပြီး   ဒေသထွက်အစားအစာ များဖြင့်    ဧည့်ခံကျွေးမွေးခဲ့ကြ သည်။ 
သတင်းစဉ်