နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက ထောပတ်ထမင်းဘူးများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

 

နေပြည်တော်    နိုဝင်ဘာ    ၂၂ 


နိုင်ငံတော်     ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်း တမံ   ထမ်းဆောင်လျက်ရှိသော လုံခြုံရေး  တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်   ပြည်သူ များက  အလှူငွေများ  ပေးအပ် လှူဒါန်းလျက်     ရှိသည့်အပြင်  စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။ 


ယနေ့တွင်လည်း စေတနာရှင် အလှူရှင်ပြည်သူများက  အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ အတွင်း နိုင်ငံတော်ကာကွယ်ရေး နှင့်         လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့်   လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ထောပတ် ထမင်းဘူးများကို ပေးအပ်လှူဒါန်း ကြရာ တာဝန်ရှိသူများက လက်ခံ ရယူပြီး    လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်  လုံခြုံရေး တပ်ဖွဲ့ဝင်များ၏           လက်ဝယ် အရောက် လိုက်လံပို့ဆောင်ပေး ကြသည်။


စေတနာရှင်    ပြည်သူများ လှူဒါန်းသည့် ထောပတ်ထမင်း ဘူးများနှင့်အတူ   ရဟန်းသံဃာ များနှင့် ပြည်သူများက ရေးသား ပေးပို့သည့် “ တပ်မတော်သားများ ဘေးအန္တရာယ်    ကင်းရှင်းပါစေ ကြောင်း ၊  ကျန်းမာပါစေကြောင်း နှင့် တိုက်ပွဲတိုင်း အောင်မြင်ပါ စေကြောင်း” စသည့် ဆုတောင်း မေတ္တာစာလွှာများ   ပါရှိကြောင်း သတင်းရရှိသည်။     


 သတင်းစဉ်