နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ဂုဏ်ပြုထောက်ပံ့

 

ပဲခူး   ဖေဖော်ဝါရီ   ၁၅
နိုင်ငံတော်ကာကွယ်ရေးနှင့်    လုံခြုံရေး တာဝန်များကို  စွမ်းစွမ်းတမံ ထမ်းဆောင် လျက်ရှိသော    လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ပဲခူးမြို့ ဈေးသူ၊ ဈေးသားများက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ပွဲ အခမ်းအနားကို   ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက   ပဲခူးမြို့    ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက   မြန်မာနိုင်ငံအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့်    လုံခြုံရေး ကိစ္စများကို   စွမ်းစွမ်းတမံ   ဆောင်ရွက် နေသော    လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုသည့်အနေဖြင့်   ဒေသခံပြည်သူ များက    အပြန်အလှန်   ကျေးဇူးတရား နားလည်ပြီး စားသုံးဖွယ်ရာများ လာရောက် ဂုဏ်ပြုပေးအပ်မှုအပေါ်    ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။
ထို့နောက် စုစုပေါင်းတန်ဖိုးငွေကျပ် ၂၆၅ ဒသမ ၀၅ သိန်း တန်ဖိုးရှိ စားသောက် ဖွယ်ရာများကို  ပဲခူးမြို့အတွင်း  ဈေးသူ၊ ဈေးသားများကိုယ်စား     သက်ဆိုင်ရာ ဈေးအလိုက်   ဈေးကော်မတီဝင်များက ထောက်ပံ့ပေးအပ်ခဲ့ရာ   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊    တိုင်းဒေသ ကြီး  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး    ဗိုလ်မှူးကြီး အောင်သောင်းထိုက်တို့က လက်ခံရယူကြပြီး     အဆိုပါ    စားသောက် ဖွယ်ရာများကို       လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့      ဆက်လက်ပို့ဆောင်ပေးမည်ဖြစ် ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)