
နေပြည်တော် ဒီဇင်ဘာ ၂
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူ များက အလှူငွေများ ပေးအပ်လှူဒါန်းလျက် ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
ယနေ့တွင်လည်း စေတနာရှင်အလှူရှင် ပြည်သူ များက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ အတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ဒံပေါက်ထမင်းဘူးများကို ပေးအပ်လှူဒါန်း ကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှ တစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ် ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ် အရောက် လိုက်လံပို့ဆောင်ပေးကြသည်။
စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ဒံပေါက် ထမင်းဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများက ရေးသားပေးပို့သည့် “တပ်မတော် သားအားလုံး ဘေးမသီရန်မခဘဲ တိုက်ပွဲတိုင်း အောင်မြင်ပါစေ၊ ဘေးအန္တရာယ် ကင်းရှင်းပါစေ၊ ကျန်းမာပါစေ” စသည့် ဆုတောင်းမေတ္တာစာလွှာများ ပါရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်