နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက ထောပတ်ထမင်းဘူးများ ဆက်လက်ပေးအပ်လှူဒါန်း

 

နေပြည်တော်  နိုဝင်ဘာ  ၁၈    နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို   စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော   လုံခြုံ ရေး        တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်  အလှူရှင်   ပြည်သူ များက အလှူငွေများ   ပေးအပ် လှူဒါန်းလျက်ရှိသည့်အပြင်    စား သောက်ဖွယ်ရာများကိုလည်း ပေးပို့ လှူဒါန်းလျက်ရှိသည်။ 


ထိုသို့    ပေးပို့လှူဒါန်းလျက် ရှိရာ     ယနေ့တွင်   စေတနာရှင် အလှူရှင်   ပြည်သူများက   အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်  နယ်မြေ အတွင်း     နိုင်ငံတော်ကာကွယ် ရေးနှင့်     လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့်    လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ထောပတ် ထမင်းဘူးများကို    ပေးအပ် လှူဒါန်းကြရာ  တာဝန်ရှိသူများ က    လက်ခံရယူပြီး    လားရှိုးမြို့ မှတစ်ဆင့်         တပ်မတော် မော်တော်ယာဉ်များ၊      ရဟတ် ယာဉ်များဖြင့်       လုံခြုံရေးတပ်ဖွဲ့ ဝင်များ ၏    လက်ဝယ်အရောက်    လိုက်လံ       ပို့ဆောင်ပေးကြ သည်။


စေတနာရှင်        ပြည်သူများ လှူဒါန်းသည့် ထောပတ်ထမင်းဘူး များနှင့်အတူ    ရဟန်းသံဃာ များနှင့် ပြည်သူများက ရေးသား ပေးပို့သည့်  “တပ်မတော်သားများ ကျန်းမာပါစေကြောင်း၊    တိုက်ပွဲ တိုင်း   အောင်မြင်ပါစေကြောင်း၊ ဘေးအန္တရာယ်   ကင်းရှင်းပါစေ ကြောင်း”   စသည့်   ဆုတောင်း မေတ္တာစာလွှာများ  ပါရှိကြောင်း သတင်းရရှိသည်။    

 
သတင်းစဉ်