နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ လာရောက်ပေးအပ်

 

နေပြည်တော် ဖေဖော်ဝါရီ  ၂၀


နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ   ထမ်းဆောင်လျက်ရှိသော  လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက်  စေတနာရှင် အလှူရှင်များက  စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ် လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့်   နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ဝန်ထမ်းမိသားစုများက ဂုဏ်ပြုချီးမြှင့် ငွေနှင့်    စားသောက်ဖွယ်ရာများ    ပေးအပ်ခြင်းကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ     ပေါင်းလောင်း ရိပ်သာ၌ ပြုလုပ်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့်   နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်   ဦးမောင်မောင်၊   ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ      ရင်းနှီးမြှုပ်နှံမှုနှင့်    နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများ က ပေးအပ်လှူဒါန်းသည့်  ငွေကျပ်  ၁၁၇၄၃၉၆၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို  လည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေး      ကော်မတီမှ ဝန်ထမ်းမိသားစုများက   ပေးအပ်လှူဒါန်းသည့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း   ၅၀  နှင့်  ငွေကျပ် ၆၃၄၅၅၀၀ တန်ဖိုးရှိ   စားသောက်ဖွယ်ရာများကို  လည်းကောင်း   ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်တို့က   တိုင်းမှူးထံ   အသီးသီးဂုဏ်ပြု ပေးအပ်သည်။(အပေါ်ထို့နောက်  တိုင်းမှူးက  ဂုဏ်ပြုမှတ်တမ်းလွှာ       ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက် ဖွယ်ရာများကို         လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်