နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ၊ ဆေးဝါးများနှင့် တိုင်းရင်းဆေးဝါးများ၊ စားသောက်ဖွယ်ရာများပေးအပ်

 

နေပြည်တော်  ဖေဖော်ဝါရီ    ၁၅
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို  စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာ ရှင်  အလှူရှင်များက   ဂုဏ်ပြု ချီးမြှင့်ငွေများနှင့်  စားသောက် ဖွယ်ရာများ   လာရောက်ဂုဏ်ပြု ပေးအပ်လျက်ရှိသည်။
ထိုသို့     ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ  ဝန်ထမ်းမိသားစု များက  ဂုဏ်ပြုချီးမြှင့်ငွေများ၊ တိုင်းရင်းဆေးဝါးများနှင့်    စား သောက်ဖွယ်ရာများ ပေးအပ်ခြင်း ကို   နေပြည်တော်တိုင်းစစ်ဌာန ချုပ်ရှိ   ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊      နေပြည်တော် တိုင်း   စစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ   ကျန်းမာရေးဝန်ကြီး ဌာန        ဝန်ထမ်းမိသားစုများ က   ဂုဏ်ပြုချီးမြှင့်     ငွေကျပ် ၁၁၄၈၂၄၅၀       (ကျပ်တစ်ရာ တစ်ဆယ့်လေးသိန်းရှစ်သောင်း နှစ်ထောင်လေးရာငါးဆယ်)၊  ငွေ ကျပ် ၄၁၀၅၂၉၅၀ (ကျပ်လေးရာ တစ်ဆယ်သိန်း     ငါးသောင်း နှစ်ထောင်ကိုးရာငါးဆယ်) တန်ဖိုးရှိ စားသောက်ဖွယ်ရာများ၊ ဆေးဝါး များနှင့် တိုင်းရင်းဆေးဝါးများကို   ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ က  တိုင်းမှူးထံ    ဂုဏ်ပြုပေးအပ် ကြသည်။ ထို့နောက်   တိုင်းမှူး က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ပြီး   ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်ပို့ဆောင်ပေးသွားမည်
အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများ၊ တိုင်းရင်းဆေးဝါးများနှင့်   စား သောက်ဖွယ်ရာများကို    လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏   လက်ဝယ် အရောက် ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။             
  သတင်းစဉ်