
နေပြည်တော် ဒီဇင်ဘာ ၇
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူ များက အလှူငွေများ ပေးအပ်လှူဒါန်းလျက် ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
ယနေ့တွင်လည်း စေတနာရှင်အလှူရှင် ပြည်သူ များက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ အတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအတွက် ဒံပေါက်ထမင်းဘူးများကို ပေးအပ် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ် များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင် ပေးကြသည်။
စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ဒံပေါက်ထမင်းဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများက ရေးသားပေးပို့သည့် “ နိုင်ငံတော်ရဲ့ ပိုင်နက်နယ်မြေများနဲ့ အမျိုးဘာသာ သာသနာ တော်ကို စောင့်ရှောက်နေတဲ့ တပ်မတော်သားများ ဘေးအပေါင်း ရန်အပေါင်းကို နှိမ်နင်းအောင်မြင် ကြပါစေ၊ တိုင်းပြည်ရန်စွယ်ဟူသမျှကို အမြစ်ပါမကျန် ချေမှုန်းနိုင်ကြပါစေ” စသည့် ဆုတောင်းမေတ္တာစာလွှာများပါရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်