
နေပြည်တော် ဧပြီ ၄
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာ ရှင် အလှူရှင်များက စားသောက် ဖွယ်ရာများ လာရောက်ဂုဏ်ပြု ပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့မှ ဝန်ထမ်းမိသားစု များက စားသောက်ဖွယ်ရာ များ ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဒုတိယဝန်ကြီးများ နှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။ ထို့နောက် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ် လှူဒါန်းသည့် ငွေကျပ်သိန်းသုံးရာ့လေးဆယ်တန်ဖိုးရှိ စားသောက် ဖွယ်ရာများကို လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစု များက ပေးအပ်လှူဒါန်းသည့် ငွေကျပ် သုံးဆယ့်ငါးသိန်းတန်ဖိုး ရှိ စားသောက်ဖွယ်ရာများကို လည်းကောင်း စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့က တိုင်းမှူးထံ အသီးသီး ဂုဏ်ပြုပေးအပ်သည်။
ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားသည်။ အဆိုပါ စားသောက်ဖွယ်ရာများအား လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ် အရောက် ဆက်လက်ပို့ဆောင်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်