
ဂုဏ်ပြုချီးမြှင့်ငွေနှင့်စားသောက်ဖွယ်ရာပစ္စည်းများ
စုစုပေါင်းငွေကျပ် ၂၉၉၃၂၃၀၀ ပေးအပ်
ထားဝယ် မတ် ၇
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေ သော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ခြင်းကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကား ပြောကြားပြီး နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်း တမံထမ်းဆောင်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့် ငွေကျပ် ၁၁၉၁၀၀၀၀ နှင့် စားသောက် ဖွယ်ရာပစ္စည်းများ တန်ဖိုးငွေကျပ် ၁၈၀၂၂၃၀၀ စုစုပေါင်းငွေကျပ် ၂၉၉၃၂၃၀၀ ပေးအပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးကြီး အောင်မျိုးထွန်းက လက်ခံရယူပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက် ပိုက်အေးနှင့် တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ ပေးအပ်ရာ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်များ က လက်ခံရယူကာ ကမ်းရိုးတန်းဒေသ တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်မျိုးထွန်းက ကျေးဇူး တင်စကား ပြောကြားသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများကို မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်တို့၌ စေတနာရှင်ပြည်သူများက လာရောက်ပေးအပ်
အလားတူ ယနေ့တွင် တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် စေတနာရှင် ပြည်သူများက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်ရှိ တိုင်း ရန်အောင် ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးနှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာတိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြိတ် ခရိုင် စေတနာရှင်ပြည်သူများကိုယ်စား ငွေကျပ် ၁၇၆၁၀၀၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက တိုင်းမှူးထံ ဂုဏ်ပြုပေးအပ်သည်။ ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ရာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ကျေးဇူးတင် စကား ပြောကြားသည်။
အလားတူ ဘုတ်ပြင်းခရိုင်မှ စေတနာရှင်ပြည်သူများက ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၂၀၀၀၀၀ နှင့် ငွေကျပ် ၁၉၃၄၅၅၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာ များကိုလည်းကောင်း၊ ကော့သောင်း ခရိုင်မှ စေတနာရှင်ပြည်သူများက ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၃၀၀၀၀၀၀ နှင့် ငွေကျပ် ၈၃၉၄၅၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို လည်း ကောင်း သတ်မှတ်နေရာအသီးသီး၌ လာရောက်ဂုဏ်ပြုပေးအပ်ရာ တာဝန် ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်