
နေပြည်တော် မတ် ၁
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိရာ ယနေ့တွင် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ခရိုင်၊ နတ်တလင်းခရိုင်၊ သာယာဝတီခရိုင်အတွင်းရှိ ဈေးသူ/ဈေးသားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်သည်။
ထိုသို့ ပေးအပ်လျက်ရှိရာ အလုပ် သမားဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစု များက စားသောက်ဖွယ်ရာများ ဂုဏ်ပြု ပေးအပ်ခြင်းကို နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဒုတိယ ဝန်ကြီးများနှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် အလုပ်သမားဝန်ကြီးဌာန မှ ဝန်ထမ်းမိသားစုများက ငွေကျပ် တစ်ရာနှစ်ဆယ့်နှစ်သိန်းခုနစ်သောင်းသုံးထောင်ငါးရာတန်ဖိုးရှိ စားသောက် ဖွယ်ရာများအား ပြည်ထောင်စုဝန်ကြီးက တိုင်းမှူးထံ ဂုဏ်ပြုပေးအပ်သည်။ ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
အဆိုပါ စားသောက်ဖွယ်ရာများအား အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်း မိသားစုများက ဝန်ကြီးဌာနရုံးတွင် စနစ် တကျထုပ်ပိုး၍ လာရောက်လှူဒါန်းခြင်း ဖြစ်ပြီး စားသောက်ဖွယ်ရာ အထုပ်များ နှင့်အတူ ဝန်ထမ်းမိသားစုများက ရေးသားပေးပို့သည့် တပ်မတော်သားများ အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာစေကြောင်း၊ ဘေးအန္တရာယ် ကင်းရှင်းစေကြောင်းနှင့် တရားသော စစ်အောင်မြင်ပါစေကြောင်း စသည့် ဆုတောင်းမေတ္တာ စာလွှာများပါရှိ ကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ပြည်ခရိုင်၊ နတ်တလင်းခရိုင်၊ သာယာဝတီခရိုင်အတွင်းရှိ ဈေးသူ/ဈေးသားများက လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် စားသောက်ဖွယ်ရာများ ဂုဏ်ပြု ပေးအပ်ပွဲကို ပြည်မြို့နယ်ရှိ နယ်မြေခံ တပ်ရင်းခန်းမ၌ ပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က စားသောက်ဖွယ်ရာများ ဂုဏ်ပြု ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီး ချုပ်က လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုပေးအပ်သည့် ငွေကျပ်တစ်ရာ ကိုးဆယ်ခြောက်သိန်းသုံးသောင်းခုနစ် ထောင်လေးရာတန်ဖိုးရှိ စားသောက် ဖွယ်ရာများကို ဂုဏ်ပြုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြား ကာ အဆိုပါ စားသောက်ဖွယ်ရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ် အရောက် ဆက်လက်ပို့ဆောင်ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်