
နေပြည်တော် နိုဝင်ဘာ ၁၇
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေး တာဝန်များကို စွမ်းစွမ်း တမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင် ပြည်သူ များက အလှူငွေများ ပေးအပ် လှူဒါန်းလျက်ရှိသည့် အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ ပေးပို့လှူဒါန်းလျက် ရှိရာ ယနေ့တွင် စေတနာရှင် အလှူရှင် ပြည်သူများက အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ အတွင်း နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေး တာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဒံပေါက် ဘူးများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော် မော်တော်ယာဉ်များ၊ ရဟတ်ယာဉ် များဖြင့် (အပေါ်ပုံ)လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင်ပေးကြသည်။
စေတနာရှင် ပြည်သူများ လှူဒါန်းသည့် ဒံပေါက်ဘူးများ နှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများက ရေးသားပေးပို့ သည့် “တပ်မတော်သားများ ကျန်းမာပါစေကြောင်း၊ တိုက်ပွဲ တိုင်း အောင်မြင်ပါစေကြောင်း၊ ဘေးအန္တရာယ် ကင်းရှင်းပါစေ ကြောင်း” စသည့် ဆုတောင်း မေတ္တာ စာလွှာများပါရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်