နိုင်ငံတော်က ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်လုပ်ဆောင်နေသည်များကို မီဒီယာကဏ္ဍမှ တတ်နိုင်သမျှနည်းလမ်းများဖြင့် ပါဝင်ဆောင်ရွက်

ရန်ကုန် အောက်တိုဘာ ၁၄


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဝင်္ကပါလမ်း ရှိ  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ၌ အရာထမ်းများနှင့် တွေ့ဆုံသည်။


ဆွေးနွေးပြောကြား


ထို့နောက် စာပေဗိမာန်ရုံး၌ အမျိုးသားစာပေဆု ရွေးချယ်ရေးစိစစ်ဆောင်ရွက်နေကြသော ရွေးချယ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ဆရာကြီး  ဆရာမကြီးများ အား တွေ့ဆုံနှုတ်ဆက်ပြီး စာပေဖွံ့ဖြိုးတိုးတက်ရေး အတွက် အမျိုးသားရေးစိတ်ဖြင့် ပူးပေါင်းဆောင်ရွက် ခြင်းကိုကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ လက်ရှိအခြေ အနေတွင်  ပြည်သူလူထုနှင့်     လူငယ်များအား   အသိပညာဖြန့်ဝေပေးရာတွင်  အခြားမီဒီယာများ နည်းတူ ဆရာကြီး ဆရာမကြီးများကလည်း တတ် နိုင်သရွေ့ ပူးပေါင်းဆောင်ရွက်ပေးကြပါရန်နှင့် အကျိုးပြုစာပေများ ဆက်လက်ရေးသားပေးကြပါ ရန် မေတ္တာရပ်ခံပါကြောင်း ဆွေးနွေးပြောကြားသည်။ 


မွန်းလွဲပိုင်းတွင်  ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်  ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ စုပေါင်းခန်းမ၌ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ  ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ အရာထမ်း၊ အမှုထမ်း များနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက  နိုင်ငံ့ဝန်ထမ်းများ ဖြစ်၍ နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး ပေးအပ် သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရေး၊ နိုင်ငံ တော်က   ရှေ့လုပ်ငန်းစဉ်များ၊  ဦးတည်ချက်များ ချမှတ်၍ အရေးပေါ်ကာလအတွင်း လုပ်ဆောင်နေ သည်များကို  အောင်မြင်စေရန် မီဒီယာကဏ္ဍမှ တတ်နိုင်သမျှ နည်းလမ်းများဖြင့် ပါဝင်ဆောင်ရွက် ရေး၊ လူငယ်များအား ဗလငါးတန်နှင့် ပြည့်ဝစေရန် အသိပညာဖြည့်ဆည်းပေးရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းလာသည်နှင့်အမျှ  မကြာမီ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အခါ အဆင်သင့်ဖြစ်စေရန်  ကျောင်းသား  ကျောင်းသူများ ကာကွယ်ဆေးထိုးနှံပေးမှုအတွက် အသိပညာပေး ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ရေး၊  ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးခွင့်ရှိသူတိုင်း ဥပဒေနှင့်အညီ မဲပေးနိုင်စေရန် နိုင်ငံသားစိစစ်ရေးလက်မှတ်များ ထုတ်ပေးနေသည့် ပန်းခင်းစီမံချက်အောင်မြင်ရေး   ပညာပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မိမိတို့ တာဝန်ထမ်းဆောင်ရာ ဒေသဖွံ့ဖြိုးရေးတိုးတက်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ရေး၊  ရုံးဌာနနှင့်  စက်ရုံ  အလုပ်ရုံများ လုံခြုံရေးဂရုပြုရန်နှင့်  ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းတာဝန်များကို ဆွေးနွေးမှာကြားသည်။ 

ထို့နောက် တက်ရောက်လာသော ဝန်ထမ်းများ ၏   ဆွေးနွေးတင်ပြချက်များအပေါ်   ပြန်လည် ရှင်းလင်းဆွေးနွေးပြီး လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။                    

 

သတင်းစဉ်