
နေပြည်တော် ဇန်နဝါရီ ၅
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ် ကြီး မင်းနောင်၊ ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် နှင့် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမို ကရက်တစ် မဟာမိတ်အဖွဲ့(ND-AA) မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SS-PP)မှ ဒုတိယဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင် နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံ တော်၏ ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တက်ရောက်လာကြသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့ ကိုယ်စား “ဝ”ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ဒုတိယ ဥက္ကဋ္ဌ ဦးလော့ယာကုတို့က နှုတ်ခွန်းဆက်စကားများ ပြော ကြားကြသည်။
ယင်းနောက် ဆွေးနွေးပွဲတွင် ဆွေးနွေးမည့် အကြောင်းအရာ၊ အစီအစဉ်များကို ဦးစွာ နှစ်ဖက် ညှိနှိုင်းပြီး ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲ သဘောတူညီချက်များ အရ ယခု တတိယအကြိမ်၌ ဆက်လက်ဆွေးနွေးရန် ကျန်ရှိ သည့် ကိစ္စရပ်များနှင့် အဖွဲ့ အသီးသီး၏ နိုင်ငံရေးလိုလား ချက်များကို နှစ်ဖက်အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ထို့နောက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။ ဆွေးနွေးပွဲ ဒုတိယ နေ့ကို ဇန်နဝါရီ ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်