နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်    မေ   ၂၂ 


နိုင်ငံတော်၏    ငြိမ်းချမ်းရေး   ဆွေးနွေးရေးအဖွဲ့နှင့်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲ   ဒုတိယနေ့ကို   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု   ဗဟိုဌာနအစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု   ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊  ပြည်ထောင်စု  အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊   ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်    ဒုတိယဗိုလ်ချုပ်ကြီး     ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်   ဒုတိယဗိုလ်ချုပ်ကြီး   မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေး ဖော်ဆောင်မှု  ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး    မင်းနောင်နှင့်    သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ  (RCSS)   ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊  RCSS  အတွင်းရေးမှူး-၁ ဗိုလ်မှူးကြီး စိုင်းငင်း၊ RCSS ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်    ဗိုလ်မှူးကြီး    ဆောင်းဟန်တို့  တက်ရောက်ကြသည်။  

 


ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃)ပါသဘောတူညီချက်များနှင့်ပတ်သက်၍လည်းကောင်း၊ အစိတ် အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန်   ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များနှင့် ပတ်သက်၍ လည်းကောင်း  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု   ညှိနှိုင်းရေးကော်မတီမှ လေ့လာဆန်းစစ် ဖော်ထုတ်စိစစ်ရေးအဖွဲ့၏ တွေ့ရှိ ချက်များအား    ညှိနှိုင်းရေးကော်မတီဝင်   ဒုတိယ ဗိုလ်ချုပ်ကြီး    ဝင်းဗိုလ်ရှိန်က   ရှင်းလင်းတင်ပြပြီး RCSS အဖွဲ့မှ သိရှိလိုသည်များကို  မေးမြန်းဆွေးနွေး ခဲ့ကြသည်။ ထို့နောက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး ဆိုင်ရာ အထွေထွေကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး သုံးရက်တာ  ဆွေးနွေးညှိနှိုင်းချက်များအရ  သဘော တူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြ သည်။ 

 


ယင်းနောက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး  ယွက်စစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြောင်း သိရသည်။        
     

သတင်းစဉ်