နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   ဒီဇင်ဘာ   ၂၈


နိုင်ငံတော်၏     ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်  ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။

 


တက်ရောက်


တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီး ဌာန    ပြည်ထောင်စုဝန်ကြီး၊   အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ ဥက္ကဋ္ဌ၊   နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊   အဖွဲ့ဝင်များဖြစ်ကြသည့်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု    ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး     ဒုတိယဗိုလ်ချုပ်ကြီး    မင်းနောင်၊ ညှိနှိုင်းရေး     ကော်မတီအဖွဲ့ဝင်များ    ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊  ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊     ဒုတိယဗိုလ်ချုပ်ကြီး   အေးဝင်းနှင့် ဗိုလ်မှူးကြီး ဝဏ္ဏအောင်၊  NCA လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များဖြစ်ကြသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ    နာယက    ဖြားတန်ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ  ဒုတိယ ဥက္ကဋ္ဌ    စောမြရာဇာလင်း၊    ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)မှ စစ်ဦးစီးချုပ် စောစတီး၊ KNU/KNLA  ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး  (LDU) မှ   ဒုတိယဥက္ကဋ္ဌ  ကျာဖူးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး      ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 

 


နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်း


ဒုတိယနေ့ဆွေးနွေးပွဲတွင် ပထမနေ့ ဆွေးနွေးပွဲ ၌   သဘောတူထားသည့်   အစီအစဉ်များအတိုင်း နှစ်ဖက်အပြန်အလှန်    ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်းနောက် အထွေထွေကိစ္စရပ်များအား ဆွေးနွေး ပြီး တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ရပ်နားခဲ့သည်။ 

 


တတိယနေ့ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၉ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး နှစ်ဖက်တူညီ သည့်     သဘောထားများကို     သဘောတူညီချက် များအဖြစ် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။                                      

သတင်းစဉ်