
နေပြည်တော် ဩဂုတ် ၃၁
နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့သည် ရခိုင် ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့၊ ဒီမို ကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ကွပ်ကဲရေးမှူးအဆင့် ရှိ စောဘညိမ်းအောင် ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်က ပေါ်ထူး ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့တို့နှင့် ယနေ့ နံနက်ပိုင်းတွင် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုဌာန အစည်း အဝေးခန်းမ၌ တစ်ဖွဲ့ချင်း သီးခြား စီ လက်ခံတွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာတွင် တစ်ဖွဲ့ချင်းစီ၏ တင်ပြချက်များ၊ ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
တတိယနေ့ကျင်းပ
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နှင့် NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၅)ဖွဲ့ (ALP၊ DKBA ၊ KNU/KNLA-PC၊ LDU၊ PNLO) ၏ ကိုယ်စားလှယ်အဖွဲ့တို့သည် အမျိုး သား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ဌာနအစည်းအဝေးခန်းမ၌ တတိယ နေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ဆက်လက်ကျင်းပပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုး သား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်း ရေးကော်မတီအဖွဲ့ဝင်များ၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ (ALP)မှဥက္ကဋ္ဌ စောမြရာဇာလင်း၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်က ပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) မှ စစ်ကွပ်ကဲရေးမှူး အဆင့်ရှိ စောဘညိမ်းအောင်တို့ ဦးဆောင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အတည်ပြုလက်မှတ်ရေးထိုး
တွေ့ဆုံဆွေးနွေးပွဲတွင် သုံး ရက်တာ ဆွေးနွေးညှိနှိုင်းချက်များ အရ အပြီးသတ်ရရှိသည့် သဘော တူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးပြီး အပြန် အလှန်လဲလှယ်ခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာ ကြသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကိုယ်စား ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကား များ ပြောကြားပြီးနောက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်