နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဒုတိယနေ့တွေ့ဆုံဆွေးနွေး

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄


နိုင်ငံတော်၏  ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင် သော   ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့  တွေ့ဆုံ ဆွေးနွေးပွဲ    ဒုတိယနေ့ကို   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ   အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌   ကျင်းပ သည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့    နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး၊   အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊   ငြိမ်းချမ်းရေးဆွေးနွေး ရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်    ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့်     ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ    အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များဖြစ် ကြသည့်   ဒုတိယဗိုလ်ချုပ်ကြီး  မင်းနိုင်၊   ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ   နိုင်အောင်မင်း၊   တွဲဖက်အထွေထွေ အတွင်းရေးမှူး   နိုင်ဝင်းလှ၊    ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်ကြသည့်           နိုင်ဗညားလယ်၊ နိုင်အောင်မငေးနှင့်           ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။  

 


မူကြမ်းများကိုဆွေးနွေးညှိနှိုင်း


ဒုတိယနေ့ဆွေးနွေးပွဲတွင် ပထမနေ့၌ မပြီးပြတ် သေးဘဲ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ကိစ္စ များ၊ နှစ်ဖက်အဆိုပြုချက်များကို ဆက်လက်ဆွေးနွေး ညှိနှိုင်းကြသည်။ ယင်းနောက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုး ရေးဆိုင်ရာ  ဘုံသဘောတူညီချက်များကို  ဆွေးနွေး ညှိနှိုင်းကြပြီး နှစ်ဖက်ဆွေးနွေးချက်များအရ သဘော တူညီချက်များရယူနိုင်ရန် မူကြမ်းများကို ဆွေးနွေး ညှိနှိုင်းကြပြီး ဆွေးနွေးပွဲဒုတိယနေ့ကို ရပ်နားခဲ့သည်။ 

 


တတိယနေ့ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး   နှစ်ဖက်တူညီ သည့်သဘောထားများကို သဘောတူညီချက်များ အဖြစ် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရ သည်။    

                                         

သတင်းစဉ်